Friday, July 3, 2020

ရွှေဘိုမြို့တွင် စိတ်ကြွဆေးပြားများနှင့်ဆေးခြောက် ဖြန့်ဖြူးရောင်းချသူတစ်ဦးဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက စိတ်ကြွဆေးပြားတွေနဲ့ ဆေးခြောက် ဖြန့်ဖြူးသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
သတင်းအရ ရွှေဘိုမြို့ အမှတ်(၁) ရပ်ကွက်၊ ကန်တော်လမ်းနေသူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ၊ အလေးချိန် ( ၁၁၃) ဂရမ်ခန့်ရှိတဲ့ ဆေးခြောက်တွေနဲ့ စိတ်ကြွဆေးပြား(၃၆၀) ပြားကို ဖမ်းဆီးမိတယ်လို့ ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးက ပြောပါတယ်။
လက်ဝယ်တွေ့ရှိရသူကို ရွှေဘိုမြို့မရဲစခန်းက မယ (ပ) ၁၂ /၂၀၂၀၊ မူး / စိတ်ပုဒ်မ ၁၉ (က)/ ၂၀ (က) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
Crd : OneNews

0 comments:

Post a Comment