Thursday, July 2, 2020

ဝှေခါမှော် ရတနာကြယ် ကျောက်စိမ်း ကုမ္ပဏီမြေစာပုံ ပြိုကျမှုတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ပူးပေါင်းဝိုင်းဝန်းရှာဖွေနေမှု(ပုံရိပ်)များ

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအတွင်း ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြေစာပြိုကျမှု လူဦးရေ ခန့်မှန်း ၂၀၀ကျော်ခန့် ပါဝင်သည်ဟု ဒေသခံများထံမှ သိရသည်။
ထပ်မံရရှိသတင်းများအရ (၁၁ ၁၀) အချိန်တွင် သေဆုံးသူ(၃၇)ဦးနှင့် (၁၂ ၀၅)အချိန်တွင် သေဆုံးသူ (၂၆)ဦး စုစုပေါင်း (၁၁၃)ဦးတို့၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
၂.၇.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ ချိန် ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၀၉ ၃၀ အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း(၃၅)လောင်းနှင့် ၁၀ ၀၀ အချိန်တွင် ရုပ်အလောင်း(၁၅)လောင်း စုစုပေါင်း သေဆုံးသူ(၅၀)ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

0 comments:

Post a Comment