Thursday, July 2, 2020

အင်္ဂပူမြို့နယ်တွင် စကားများရန်ဖြစ်ကြရာမှ ပထမဇနီးကဒုတိယဇနီးကိုဓားဖြင့်ခုတ်သတ်

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ကွင်းကောက်ရဲစခန်းအပိုင် တလိုင်ကွင်းကျေးရွာ အုပ်စု ဇီးခုံးကျေးရွာမှာ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းက အမျိုးသမီးချင်း စကားများပြီး ဓားခုတ်မှု ဖြစ်ပွားလို့ တစ်ဦးသေဆုံးသွားပါတယ်။
ကွင်းကောက်နယ်မြေရဲစခန်းက တာဝန်ရှိသူက “ဦးကမားရဲ့ပထမမိန်းမနဲ့ ဒုတိယမိန်းမတို့ စကားများရန်ဖြစ်ရာမှာ ပထမမိန်းမ လုပ်သူက ဒုတိယမိန်းမကို ဓားနဲ့၁၅ ချက်လောက် ခုတ်ခဲ့ရာမှ သေဆုံးမှု ဖြစ်ပွားခဲ့တာပါ”လို့ ပြောပါတယ်။
အမှုဖြစ်စဉ်ကို ကွင်းကောက်နယ်မြေရဲစခန်း အမှုအမှတ်(ပ)၂၀၇/၂၀၂၀ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ဦးကမားရဲ့ ပထမအမျိုးသမီးကို အမှုဖွင့်လှစ်ပြီး အမှုကို ကွင်းကောက်နယ်မြေရဲစခန်း စခန်းမှူးရဲအုပ်ခင်မောင်စိုးက စစ်ဆေးနေပါတယ်။
Crd : DVB

0 comments:

Post a Comment