Monday, July 27, 2020

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ဖြန့်ဖြူးရန် မွတ်ဆလင်များကို အိုင်အက်စ်အဖွဲ့ အားပေး

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမြင့်တက်နေချိန် အိုင်အက်စ်ဟုကိုယ့်ကိုယ်ကို သတ်မှတ်ထားသည့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့က နိုင်ငံတွင်းဗိုင်းရပ်စ်ဖြန့်ဖြူးပြီး နိုင်ငံကိုတိုက်ခိုက်ရန် ထောက်ခံသူများကို တိုက်တွန်းလိုက်သည်။
သူတို့သတင်းများကိုဖြန့်ချိနေသည့် Voice of Hind မဂ္ဂဇင်းတွင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး မယုံကြည်သူများကို အမြစ်ဖြတ်ချေမှုန်းရန်ခြေလှမ်းပြင်ထားသင့်ကြောင်း မဂ္ဂဇင်းကဖော်ပြသည်။
မဂ္ဂဇင်း၏အလုံပိတ်ကန့်သတ်ကာလတည်းဖြတ်ထုတ်ဝေမှုတွင် “ယုံကြည်သူများ မြဲမြဲရပ်တည်သည်။
မယုံကြည်သူများကျဆုံးရမည့်အချိန်ရောက်ပြီ။” ဟု မျက်နှာဖုံးတွင်ဖော်ပြသည်။
ထိုမဂ္ဂဇင်းတွင်ပင် တာဘလီဂီဂျာမားတ်အစ္စလာမ်ဂိုဏ်းခေါင်းဆောင် မော်လာနာ ဆာဒ်နှင့် ဂိုဏ်းတို့က မွတ်ဆလင်များ ကိုရိုနာဗိုင်းရပ်စ်သယ်ဆောင်သူဖြစ်နေခြင်းအပေါ် ချီးကျူးကြောင်းပြောခဲ့သည်။
စာမျက်နှာ ၁၇ မျက်နှာပါ မဂ္ဂဇင်းတွင် နေရာယူထားသောရဲသားများကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်စေရန် မွတ်ဆလင်များကို တိုက်တွန်းထားပြီး မယုံကြည်သူများကို တတ်နိုင်သမျှကူးစက်စေရန် ဖြန့်ဖြူးကြရေးလည်း တိုက်တွန်းထားသည်။
Ref ; People Media

0 comments:

Post a Comment