ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ စိုးရိမ်ရေအမှတ် (၂၁၅၀) စင်တီမီတာနှင့် ညောင်ဦးမြို့၊ စိုးရိမ်ရေအမှတ် (၂၁၂၀)စင်တီမီတာအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
" ညောင်ဦးမြို့ရဲ့ နေ့လည် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်များအရ (၂၁၁၇) စင်တီမီတာပါ။ စိုးရိမ်ရေအမှတ်က ၂၁၂၀ ပါ။ ယနေ့အတွက်ညောင်ဦးမြို့၏ထူးခြားချက်ကတော့ မနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်များအရ ၂၁၁၃ ပေါ့ ။ အခု ၁၂ နာရီခွဲအချိန် တိုင်းထွာချက်က ၂၁၁၇ ဆိုတော့။ ၄ စင်တီမီတာတော့တက်သွားပါတယ် " မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညောင်ဦးမြို့ ၊ ဒုတိယဦးစီးမှူး ဒေါ်အေးသီတာမှ ပြောသည်။
ညောင်ဦးမြို့တွင် ဇူလိုင်လ၂၇ ရက်၊ မနက် ၁၂ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာထွက်ချက်များအရ ဧရာဝတီမြစ်ရေသည် ယင်းမြို့၏စိုးရိမ်ရေအမှတ်အောက် ပေဝက်ခန့်ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက်ကိုရောက်ရှိနိုင်မည်ဖြစ်သည်။
ပခုက္ကူမြို့တွင် ဇူလိုင် ၂၇ရက်နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် (၂၁၁၇)စင်တီမီတာရှိပြီး ယင်းမြို့၏ စိုးရိမ်ရေအမှတ် (၂၁၅၀) စင်တီမီတာရောက်ရှိနိုင်မည်ပြီဖြစ်ကြောင်း မိုးလေဝနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ ပခုက္ကူမြို့ခရိုင်ဦးစီးအရာရှိဦးနေဝင်း ထံမှသိရသည်။
Ref ; TranscomNewsJournal
0 comments:
Post a Comment