Sunday, July 5, 2020

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း(၁)နှင့် ပလ္လင်တော်အပိုင်း(၄) တင်ဆောင်လာသော သင်္ဘောဖောင်တော် ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိ

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း(၁) စကျင်ကျောက်တော်ကြီးနှင့် ပလ္လင်တော် အပိုင်း (၄) စကျင်ကျောက်တော်ကြီး တင်ဆောင်လာသော သင်္ဘောဖောင်တော် ဆီမီးခုံ ဆိပ်ကမ်းသို့ ယနေ့ မွန်းလွဲ ၁ နာရီက ရောက်ရှိခဲ့သည်။
အဆိုပါ သင်္ဘောဖောင်တော်ပေါ်ရှိ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း (၁) စကျင် ကျောက်တော်ကြီးနှင့် ပလ္လင်တော် အပိုင်း(၄) စကျင်ကျောက်တော်ကြီး သယ်ဆောင်လာခဲ့မှုများ၊ ပလ္လင်တော် စကျင်ကျောက်တော်ကြီးများ ခေတ္တ ကိန်းဝပ်စံပယ်တော်မူမည့်နေရာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးကြီး တင်အောင်ဆန်းနှင့် အရာရှိကြီးများက ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပလ္လင်တော်အပိုင်း(၁) စကျင် ကျောက်တော်ကြီးမှာ တန်ချိန် ၆၈၄ တန်ခန့်ရှိပြီး ပလ္လင်တော် အပိုင်း (၄) စကျင်ကျောက်တော်ကြီးမှ တန်ချိန် ၆၃၈ တန်ခန့်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ဇူလိုင် ၅ ရက်တွင်လည်း ၃၆၅ တန်ခန့်ရှိ စကျင်ကျောက်တော်ကြီး အပိုင်း (၃) နှင့် ၃၆၅ တန်ခန့်ရှိ စကျင်ကျောက်တော်ကြီးများလည်း ဆက်လက်ဆိုက်ကပ်မည်ဖြစ် ကြောင်း သိရသည်။

0 comments:

Post a Comment