ကချင်လက်နက်ကိုင် အဖွဲ့ (KIO/KIA) အုပ်ချုပ်နယ်မြေမှ ကျေးရွာတစ်ခုတွင် မိသားစုဝင်ငါးဦး အသတ်ခံရမှု ဇူလိုင် ၃ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး သံသယရှိသူနှစ်ဦးကို ဖမ်း ဆီးစစ်ဆေးနေသည်ဟု ယင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
ဝိုင်းမော်မြို့နယ် မန်စီမြို့ရှိ ကျေးရွာတစ်ခုတွင် ဇူလိုင် ၃ရက် နံနက် ၂နာရီခန့်က အထက်ပါဖြစ် စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားသည့် ကျေးရွာသည် မြန်မာ-တရုတ်နယ်စပ်တွင် ရှိပြီး မြို့ပြနှင့်အလှမ်းဝေးသည့် ဒေသ ဖြစ်သည်။
ကေအိုင်အေပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းရာ ‘‘သံသယရှိတဲ့ အမျိုးသားနှစ်ဦးကိုဖမ်းပြီးမှ KIO အုပ်ချုပ်ရေးရုံးမှာ စစ်ဆေးနေတယ်လို့ အကြောင် းကြားလာပါတယ်’’ဟုပြောသည်။
သေဆုံးသူငါးဦးတွင် ကလေးငယ်နှစ်ဦး၊ အသက် (၇၀) အရွယ်မျိုးသမီးကြီးတစ်ဦးနှင့် လူ လတ်ပိုင်းနှစ်ဦးပါဝင်သည်။ ယင်းမိသားစုမှ အသက်(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် အခြားအိမ်သို့သွားရောက်အိပ်စက်နေ၍ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ကချင်တိုင်းရင်းသားအ ရေးဆောင်ရွက်သူ ဒေါ်ခွန်ဂျာက ပြောသည်။
ယင်းကလေးငယ်မှာလည်း မိသားစု၏ အဖြစ်ဆိုးကိုမြင်ပြီးနောက် ထိတ်လန့်တုန်လှုပ်နေကာ စကားမပြောနိုင်တော့ဘဲ ဆွံ့အသူကဲ့သို့ဖြစ်နေသည်ဟု ဒေါ်ခွန် ဂျာကပြောသည်။
အစိုးရထိန်းချုပ်မှုဒေသတွင် မရှိသလိုကေ အိုင်အေထိန်းချုပ် မှုနှင့်လည်း အလွန်ဝေးသောဒေ သတွင် ယခုကဲ့သို့ ဖြစ်ပွားသော မိသားစုလိုက်အသတ်ခံမှုအတွက် တရားမျှတမှု လိုအပ်ကြောင်း ဒေါ်ခွန်ဂျာကမှတ်ချက်ပြုသည်။
Crd : 7Days
0 comments:
Post a Comment