မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံဘုရားများဖူးမြော်ခွင့်ကို ယခင်က ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့သော်လည်း ယခုအခါ နံနက် ၉နာရီမှ ညန ၄နာရီအထိ ခွင့်ပြုပေးထားသည့်အတွက် ပုံမှန်ရက်များတွင် ဘုရားဖူးဧည့်သည် (ပြည်တွင်း) ၄၅၀ ဦးခန့်ပုံမှန် လာရောက်ဖူးမြော်မှုရှိပြီး ရုံးပိတ်ရက်များတွင် ပြည်တွင်းခရီးသွား ၁၂၀၀ ဦးကျော် လာ ရောက်မှုရှိကြောင်း သိရသည်။
ပုဂံဘုရားများသို့ဝင်ရောက်သူများအနေဖြင့် Mask တပ်ဆင်စေခြင်း၊ လက်ဆေး စေခြင်း နှင့် လာရောက်သည့် ဒေသနှင့်နေရပ်လိပ်စာအပြည့်အစုံ၊ ဖုံးနံပါတ်တို့ကို စာရင်း ကောက်ယူ မှတ်တမ်းအဖြစ်ရယူထားကြောင်း ထီးလိုမင်းလို ဘုရားဂေါပက အတွင်းရေးမှူး ဦးတင်လှဦးကပြောသည်။
ပြည်တွင်းဘုရားဖူးများအနေဖြင့် ပုဂံ-ညောင်ဦးဒေသရှိ သမိုင်းဝင်၊အထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဗူးဘုရား၊ ဓမ္မရံကြီးဘုရား၊ လောကနန္ဒာ စွယ်တော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ဓမ္မရာဇကဘုရားနှင့် သဗ္ဗညုဘုရား များသို့ လာရောက်ဖူးမြော်ကြကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
ပုဂံဘုရားများ ဖူးမြော်နိုင်ရန် အချိန်အကန့်အသတ်ဖြင့်စတင်ခွင့်ပြုပြီးနောက် ဘုရားဖူးဧည့်သည်များ လာရောက် ဖူးမြော်
Sunday, July 5, 2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံဘုရားများဖူးမြော်ခွင့်ကို ယခင်က ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့သော်လည်း ယခုအခါ နံနက် ၉နာရီမှ ညန ၄နာရီအထိ ခွင့်ပြုပေးထားသည့်အတွက် ပုံမှန်ရက်များတွင် ဘုရားဖူးဧည့်သည် (ပြည်တွင်း) ၄၅၀ ဦးခန့်ပုံမှန် လာရောက်ဖူးမြော်မှုရှိပြီး ရုံးပိတ်ရက်များ တွင် ပြည်တွင်းခရီးသွား ၁၂၀၀ ဦးကျော် လာ ရောက်မှုရှိကြောင်း သိရသည်။
ပုဂံဘုရားများသို့ဝင်ရောက်သူများအနေဖြင့် Mask တပ်ဆင်စေခြင်း၊ လက်ဆေး စေခြင်း နှင့် လာရောက်သည့် ဒေသနှင့်နေရပ်လိပ်စာအပြည့်အစုံ၊ ဖုံးနံပါတ်တို့ကို စာရင်း ကောက်ယူ မှတ်တမ်းအဖြစ်ရယူထားကြောင်း ထီးလိုမင်းလို ဘုရားဂေါပက အတွင်းရေးမှူး ဦးတင်လှဦးကပြောသည်။
ပြည်တွင်းဘုရားဖူးများအနေဖြင့် ပုဂံ-ညောင်ဦးဒေသရှိ သမိုင်းဝင်၊အထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဗူးဘုရား၊ ဓမ္မရံကြီးဘုရား၊ လောကနန္ဒာ စွယ်တော် ဘုရား၊ အလိုတော်ပြည့်ဘုရား၊ဓမ္မရာဇကဘုရားနှင့် သဗ္ဗညုဘုရား များသို့ လာရောက်ဖူးမြော်ကြကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
0 comments:
Post a Comment