Sunday, July 5, 2020

COVID ကို အမေရိကန်ဒေါ်လာ ၄,၀၀၀ တန်တဲ့ ရွှေနှာခေါင်းစည်းနဲ့ ကာကွယ်မယ့် အိန္ဒိယက ရွှေကြိုက်သူ

ကိုရိုနာဗိုင်းရပ်စ်ကာလ လူတိုင်းလိုလို နှာခေါင်းစည်းတပ်နေချိန်မှာ ကူးစက်မှု ပြင်းထန်နေဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ အမျိုးသားတဦးက သူ့မျက်နှာနဲ့ တိုင်းပြီး လုပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၄,၀၀၀ တန် ရွှေသားအတိနဲ့ နှာခေါင်းစည်းကို ရောဂါကာကွယ်ရေးအတွက် တပ်နေပါတယ်။
အိန္ဒိယနိုင်ငံ ပူနီးပြည်နယ်က စီးပွားရေးလုပ်ငန်းရှင် Shankar Kurhade ရဲ့ အလေးချိန် ၂ အောင်စရှိတဲ့ ရွှေနှာခေါင်းစည်း ဖြစ်လာဖို့ ပန်းထိမ်ဆရာက အချိန် ၈ ရက် ယူခဲ့ရတာပါ။
ပါးလွှာပြီး နှာခေါင်းစည်းမှာ လေရှူနိုင်မယ့် ဆန်ခါပေါက်လေးတွေပါတဲ့ ရွှေနှာခေါင်းစည်းက သူ့ကို ရောဂါပိုးကနေ တကယ်ပဲ ကာကွယ်ပေးနိုင်မှာလားဆိုတာ သေချာမသိပေမယ့် သူကတော့ အခြားလိုအပ်တဲ့ ရောဂါကာကွယ်ရေးတွေကိုလည်း လုပ်ထားပါတယ်လို့ ပြောပါတယ်။
အသက် ၄၉ နှစ်အရွယ် Shankar ဟာ အပြင်ထွက်တိုင်း လက်ကောက် လက်စွပ် ဆွဲကြိုးနဲ့ အခြား ရွှေနဲ့လုပ်တဲ့ လက်ဝတ်ရတနာတွေ ဝတ်ဆင်လေ့ရှိတာပါ။ လူတယောက်က ငွေနဲ့လုပ်ထားတဲ့ နှာခေါင်းစည်းတပ်ထားတာကို တီဗွီသတင်းမှာ ကြည့်မိရင်း အခုလို ရွှေနှာခေါင်းစည်းလုပ်ဖို့ အတွေးရလာတာလို့ Shankar က ပြောပါတယ်။
>>Zawgyi<<

0 comments:

Post a Comment