Friday, July 3, 2020

ရွေးကောက်ပွဲမဲဆွယ်ခွင့်ကို အာဏာရပါတီအနေဖြင့် ကျန်ပါတီများနည်းတူ တန်းတူ ရည်တူစည်းရုံးမည်ဟု စိတ်ထားမှသာ သတ္တိရှိရာကျကြောင်း တစညပါတီဒုဥက္ကဋ္ဌ ဦးဟန်ရွှေထောက်ပြ

ရွေးကောက်ပွဲ မဲဆွယ်ခွင့်ကို အာဏာရပါတီအနေဖြင့် ကျန်ပါတီများနည်းတူ တန်းတူရည်တူစည်းရုံးမည်ဟု စိတ်ထားမှသာ သတ္တိရှိရာကျကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေကထောက်ပြ ပြောဆိုလိုက်သည်။
ရွေးကောက်ပွဲ မဲဆွယ်ခွင့်နှင့်ပတ်သက်၍ People Media သတင်းဌာနက ဇူလိုင် ၃ ရက်၌ ဆက်သွယ်မေး မြန်း ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မဲဆွယ်စည်းရုံးတဲ့နေရာမှာ ကျင့်ဝတ်လည်းရှိတာပေါ့လေ။ နောက်တစ်ခါဥပဒေလည်းရှိတယ်။ နိုင်ငံတော်က ပိုင်တဲ့ပစ္စည်းတွေကို အသုံးပြုပြီး မဲဆွယ်ဆောင်ရွက်ခြင်းမပြုရဆိုတဲ့ တားမြစ်ထားတာတွေလည်းရှိပါတယ်။ ဒါကတော့ဥပဒေပေါ့လေ။ တချို့လည်း ဒါကို လက်တစ်လုံးခြားလုပ်ပြီးတော့ သွားလာတာ ဒီလိုဟာလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဥပဒေပြဋ္ဌာန်းထားရင် ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်းက ဒီမိုကရေစီရဲ့ယဉ်ကျေးမှုပါပဲ။ ကျွန်တော်တို့ပြောချင်တာက မဲဆွယ်စည်းရုံးတယ်ဆိုရင် ကျန်တဲ့ပါတီတွေနဲ့ တန်းတူရည်တူစည်းရုံးမယ်ဆိုတဲ့ ဒီလိုလုပ်နိုင်တဲ့ဟာရှိမှလည်း ဒါသတ္တိရှိရာကျမယ်။ နောက်တစ်ခါ လူကြီး လူကောင်းလည်းပီသမယ်ပေါ့ဗျာ”ဟု ၎င်းကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နေပြည်တော်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် နိုင်ငံ တော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးအရ မော် တော်ယာဉ်စီးနင်းပိုင်ခွင့်ရှိကြောင်း၊ ဥပဒေအရ မော်တော်ယာဉ်အသုံးမပြုရဟုမပါကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောကြားထားသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂ဝ ပြည့်နှစ်ရွေးကောက် ပွဲ အတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းခန့်ရှိသည်။
Ref ; People Media

0 comments:

Post a Comment