Friday, July 3, 2020

ရွေးကောက်ပွဲမဲဆွယ်ရာတွင် ဗိုလ်ချုပ်ပုံကို ဆက်လက်အသုံးပြုမည်ဟု ဒီချုပ်အသိပေး

လာမည့်နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ရာတွင် ဗိုလ်ချုပ်ပုံကိုဆက် လက် အသုံးပြုသွားမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ဝေဖန်မှုအပေါ် တုံ့ပြန် စရာမရှိကြောင်း ဒီချုပ်ပါတီ ဒုဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
‘‘ကျွန်တော်တို့က အရင်က တည်းက၊ ၁၉၉၀ ကတည်းကိုက ကျွန်တော်တို့ပါတီက ဗိုလ်ချုပ်ပုံ ကိုသုံးခဲ့တာပါ။ အဲဒီတော့ ဗိုလ်ချုပ်ပုံက ကျွန်တော်တို့သုံးတာက အရင်ရွေးကောက်ပွဲစကတည်းကိုက၊ ၁၉၉၀ ကတည်းကိုကသုံးခဲ့တာ။ အစဉ်အလာအရလည်းသုံးခဲ့ပြီးသားရှိတယ်။ သမိုင်းကြောင်းအရလည်း သုံးခဲ့ပြီးသားရှိတယ်ဆိုတော့ ကျွန်တော်တို့ကတော့ သုံးမှာပဲ’’ ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာအတွင်း ပြုလုပ်သည့် ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ၎င်းကပြန်လည် အသိပေးရှင်းလင်းခြင်းဖြစ်သည်။
‘‘ဒါက NLD ရဲ့မူလားဆို တော့ မူမဟုတ်ပါဘူး။ ဒါကျွန် တော်တို့ရဲ့ သိတတ်မှုနဲ့ ကျွန် တော်တို့ရဲ့ခေါင်းဆောင် ရဲ့ ဖခင် တစ်ဦးအနေနဲ့၊ ကျွန်တော်တို့အ မျိုးသားခေါင်းဆောင်ကြီးတစ်ဦး အနေနဲ့ ကျွန်တော်တို့သုံးတာပေါ့’’ ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောသည်။
ထို့အပြင် ဒီချုပ်ပါတီအနေ ဖြင့် ဗိုလ်ချုပ်အောင်ဆန်းပုံကို အသုံးပြုမဲဆွယ်နေခြင်းအပေါ် ပြည် ခိုင်ဖြိုးပါတီက ဝေဖန်ကန့်ကွက် ပြောဆိုမှုများရှိသည့်အပေါ်တွင် တုံ့ပြန်ရန်မရှိကြောင်း ၎င်းကဖြည့် စွက်ပြောကြား သည်။
သို့သော် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဗိုလ်ချုပ်နှင့်ဗိုလ် ချုပ်သမီးကို ချစ်သည့်စိတ်ဖြင့် မဲပေးသည့် ပြည်သူများ အညာခံလိုက်ရကြောင်း ဇွန်လ ၂၉ ရက် တွင် မီဒီယာများအားပြောသည်။
လာမည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့် ဝတ်ကို ခုနစ်လကျော်ကြာ အချိန် ယူရေးဆွဲခဲ့ပြီးနောက် ဇွန်လ ၂၆ ရက်တွင် နိုင်ငံရေးပါတီများ သဘောတူလက်မှတ်ရေးထိုးပွဲအ ခမ်းအနား ကျင်းပခဲ့သော် လည်း ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သမိုင်း ဝင်ပုဂ္ဂိုလ်များ၏ ရုပ်ပုံများသုံးစွဲ ခြင်းမပြုရန် တားမြစ်ချက်ပါဝင် လာခြင်းမရှိဟုဆိုကာ ပြည်ခိုင်ဖြိုး ပါတီအပါအဝင် ပါတီဝင် ၂၀ ခန့် က ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် ကို သဘောတူလက်မှတ်ရေးထိုး ခဲ့ခြင်းမရှိပေ။
Ref ; 7Day

0 comments:

Post a Comment