မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှင်စောပုရပ်ကွက်ရှိ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးခြံ များတွင် ဇူလိုင် ၂၆ ရက်နံနက်ပိုင်းက ဝက် ၁၄ ကောင် အစုလိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း မော်လမြိုင်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဝက်များသေဆုံးမှုကြောင့် ကျိုက်မရောမြို့ရှိစျေးများအတွင်းဝက်သားများ ရောင်းချခြင်းမပြုရန် တားမြစ်ထားကြောင်း နှင့် သေဆုံးဝက်များကို စနစ်တကျမြေမြုပ်ဖျက်ဆီးပြစ်ရန်၊ အခြားတိရစ္ဆာန်များ နှင့်ကျန်ရှိသောဝက်များအား ကူးစက်ပြန့်ပွားခြင်းမရှိစေရန် ဝက်ခြံများအား ဆေးဖြန်းခြင်း၊ ဝက်ပေါက်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းများဆောင်ရွက်ပေးထားကြောင်းသိရသည်။
Ref ; Pyi Myanmar
0 comments:
Post a Comment