Monday, July 27, 2020

COVID-19 က အဆိုးဆုံး ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေလို့ WHO ပြော

ကမ္ဘာတစ်ဝန်း လူဦးရေ ၁၆ သန်းကျော်ကို ကူးစက်သွားခဲ့တဲ့ COVID-19 ကပ်ရောဂါဟာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့အစည်း (World Health Organization - WHO) ရင်ဆိုင်ခဲ့ရတဲ့ အဆိုးဆုံး ကမ္ဘာလုံးဆိုင်ရာ ကျန်း မာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ယနေ့ (ဇူလိုင် ၂၇ ရက်) ပြောပါတယ်။
mask တပ်ခြင်းမှ လူစုလူဝေး မဖြစ်စေခြင်းအထိ ကျန်းမာရေးစီမံဆောင်ရွက်ချက်တွေကို တိကျစွာ လိုက်နာခြင်းကသာလျှင် COVID-19 ကို တိုက်ဖျက်နိုင်မယ်လို့လည်း WHO အကြီးအကဲက ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ဖြည့်စွက် ပြောခဲ့ပါတယ်။
"ဒီစီမံဆောင်ရွက်ချက်တွေကို လိုက်နာခဲ့တဲ့ နေရာတွေမှာ ကူးစက်မှုတွေ လျော့ကျသွားခဲ့ပါတယ်၊ မလိုက်နာတဲ့ နေရာတွေမှာ ကူးစက်မှုတွေ မြင့်တက်နေတယ်" လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။ WHO အကြီးအကဲက ကနေဒါ၊ တရုတ်၊ ဂျာမနီနဲ့ တောင်ကိုရီးယားတို့ကို COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်မှုနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့ကြောင်းလည်း သိရပါတယ်။
လတ်တလောမှာ COVID-19 ကူးစက်မှုတွေဟာ ထိန်းချုပ်နိုင်ပြီလို့ ယူဆခဲ့တဲ့ နိုင်ငံတွေ အပါအဝင် နေရာမျိုးစုံမှာ ပြန်လည် မြင့်တက်နေခဲ့ပြီး တစ်ကမ္ဘာလုံးအတွက် သတိထားစရာဖြစ်နေပါတယ်။ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်ဟာလည်း ယနေ့ညပိုင်းမှာ ၆၅၃,၀၀၀ ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။
Ref ; Duwun

0 comments:

Post a Comment