Monday, July 27, 2020

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း အစိုးရအဖွဲ့သစ်ဝန်ကြီးအမည်များ ထုတ်ပြန်ကြေညာခဲ့ပြီး အစိုးရအဖွဲ့ ယ‌နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုကြမည်ဖြစ်

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက ဇူလိုင် ၂၅ ရက်က အစိုးရအဖွဲ့သစ် ဝန်ကြီးအဖွဲ့ဝင် အမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ်တာဝန်ကို လီရှန်လွန်းက ဆက်လက်ယူသွားမည်ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးမူဝါဒစီမံရေးဆွဲမှုဝန်ကြီးဌာနဝန်ကြီး၊ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး တာဝန်ကို ဟန်ဆွီကိတ်က ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။
လီရှန်လွန်းက ဇူလိုင် ၂၅ ရက်တွင် ကျင်းပသည့် ဗီဒီယိုသတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ဝန်ကြီးအဖွဲ့ဝင် စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံ အတိုင်ပင်ခံ တိုချီဟန်နှင့် သာမန်ရှန် မူဂရန့်နန်တို့က အမျိုးသားလုံခြုံရေးစီမံရေးဆွဲမှုဝန်ကြီး ဌာနဝန်ကြီးနှင့် လူမှုရေးရာ မူဝါဒစီမံရေးဆွဲမှု ဝန်ကြီးဌာန ဝန်ကြီးများအဖြစ် အသီးသီး ခန့်အပ်ခံရကြောင်း သိရသည်။
ဝန်ကြီးအဖွဲ့သစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကုန်သွယ်စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန တို့၏ ဝန်ကြီးနေရာများ အပြောင်းအလဲမရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယ‌နေ့ ဇူလိုင် ၂၇ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုကြမည်ဖြစ်ကြောင်း သိရသည်။
Crd : Xinhua

0 comments:

Post a Comment