Monday, July 27, 2020

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ဆန်အိတ်များအား ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ထုတ်ပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့‌ပေါ် ရပ်ကွက်များနှင့် ရိက္ခာပြတ်လပ်နေသော ကျေးရွာ အုပ် စု (၁၂)အုပ်စု အပါအဝင် ကျန်ကျေးရွာအုပ်စုများ အားလုံးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းခဲ့သည့် ဆန်အိတ်(၂၀၀၀)အား ရပ်ကွက်/ကျေးရွာ အုပ်စု အလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းခဲ့သည့် ဆန်အိတ်(၂၀၀၀)မှ ဆန်အိတ်(၁၇၇၈)အိတ်ကို ပူတာ အိုမြို့မှ ခေါင်လန်ဖူးမြို့နယ် ဖုလုံးကျေးရွာသို့ ဇွန်လ ၁၁ရက်နေ့မှ စတင်ကာ ကားဖြင့် သယ်ယူပြီး ဖုလွမ်း ကျေး ရွာမှ တစ်ဆင့် လား၊ မြင်းများဖြင့်‌ ခေါင်လန်ဖူးမြို့အထိ သယ်‌ဆောင်ပေးကာ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ အုပ်စုများသို့ ဇွန် လ ၁၇ နေ့ရက်‌မှ စတင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ကာလ အတွင်း ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေ သည့် ရှီလာဒမ်း၊ ရပ်မား၊ ထဖုံး၊ နမ်ချိန် အုပ်စုများသို့ မြစ်ကြီးနားမှ ဇွန်လ ၇ ရက်နေ့က စတင်ကာ မြစ်ကြီးနား-ချီဖွေ-ဆော့လော်- လမ်းမှ ရပ်မား ကျေးရွာအ ထိကား ဖြင့် ဆန်အိတ် (၂၂၂) အိတ်ကို သယ်ယူထောက်ပံ့‌ ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စု ၁၉ အုပ် စုနှင့် မြို့‌ ပေါ်ရပ်ကွက် (၄) ရပ်ကွက် အတွက်ကို ပူတာအိုမှ-ဖုလုံးသို့ ကားဖြင့် သယ်ကာ ဖုလုံး-ထလားလော်- ခေါင်လန် ဖူး- လမ်းကြောင်းမှ လားဖြင့် နှစ်လနီးပါး ဆန်အိတ် (၁၇၇၈) အိတ်ကို သယ်ယူခဲ့ရပြီး ယခုအချိန်ထိ ကျန်‌ကျေး ရွာအုပ်စု(၅)အုပ်စုသို့ ဆက် လက်ထုတ်ပေးလျက်ရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ခရိုင် တာဝန်ခံ ဦးစောနွဲ့နေအောင်ထံမှ သိရသည်။
အဆိုပါ ဆန်အိတ်များ ခေါင်လန်ဖူးမြို့သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်တည်း ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဇွန်လ ၁၇ ရက်မှ စတင်ထုတ်ပေးခဲ့ရာ ကျန်ရှိသည့် ကျေးရွာအုပ်စု(၅)အုပ်စုကို ဇူလိုင်၂၅ ရက်အထိ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Ref ; People Media

0 comments:

Post a Comment