ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဧရိယာထက်ဝက်နီးပါး ရေနစ်မြှုပ်နေပြီး သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာန၏ နေ့စဉ်ရေဘေးအခြေအနေအစီရင်ခံစာအရ ဇွန်လ ၃၀ ရက်နောက်ပိုင်း ရေဘေးကြောင့် ခရိုင် ၆၄ ခုအနက် ခရိုင် ၂၁ ခုတွင် လူ ၁၁၉ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများအနက် ၉၆ ဦးမှာ ရေနစ်သေဆုံးခဲ့ပြီး ၁၃ ဦးမှာ မြွေကိုက်ခံရ၍သေဆုံးခဲ့ကာ ရှစ်ဦးမှာ မိုး ကြိုးပစ် ခံရခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကာ တစ်ဦးမှာ ဝမ်းရောဂါကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ ၅ သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး မိသားစုပေါင်း အများအပြား အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ဘေးအန္တ ရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဘေးအန္တရာယ်တုံ့ပြန်မှု ညှိနှိုင်းဆောင်ရွက်ရေး ဗဟိုဌာန (NDRCC) က ပြုစုစောနေ့အလိုက် သဘာဝဘေးအန္တရာယ်အခြေအနေ အစီရင်ခံစာအရသိရသည်။
နိုင်ငံတစ်ဝန်း ခရိုင် ၆၄ ခုအနက် ခရိုင် ၃၁ ခုတွင် ပြည်သူ ၄၃၇၈၇၃၂ ဦ ရေဘေးသင့်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတစ်ဝန်း သီးနှံစိုက်ခင်းများ၊ လမ်းမကြီးများနှင့် အဝေးပြေးလမ်းမ ကြီးများ ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်နောက်ပိုင်း အဓိကမြစ်ကြီးများ မြစ်ရေလျှံခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မြေဧရိ ယာ အများအပြား ရေနစ်မြှုပ်ခဲ့ကြောင်း ရုပ်သံသတင်းများက ပြသခဲ့သည်။ အိန္ဒိယနယ်စပ်တစ်လျောက်ရှိ တောင်ကုန်းများမှ တစ်ဟုန်ထိုးစီးဆင်းလာသောရေများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရေဘေးအခြေအနေကို ပို၍ဆိုးရွားစေခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ကယ်ဆယ်ရေးဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးကိရိယာများ ဖြန့်ဖြူးရန်နှင့် ရေဘေးရှောင်စခန်းများကို ကြီး ကြပ်ရန် ဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့များ စေလွှတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမူရာမန်က ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကြုံတွေ့နေရချိန်တွင် ထိုးနှက်ချက်တစ်ခုဖြစ်သည့် ရေဘေးကိုင်တွယ်ဖြေရှင်းရေး အသင့်အနေအထား ဆက်လက်ထားရှိရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက တာဝန်ရှိသူများသို့ ညွှန်ကြားခဲ့သည်။
Ref ; People Media
0 comments:
Post a Comment