Monday, July 27, 2020

ဝန်ထမ်းတွေ အတိုင်ပင်ခံပုံတင်ထားတာတွေမဖြုတ်ချခိုင်းဘူးလို့ ဒေါ်သက်သက်ခိုင်ပြော

ရွှေနန်းတော်ရွှေဆိုင်မှာအလုပ်လုပ်နေတဲ့သူတွေရဲ့ Facebook Cover မှာ ဒေါ်အောင်ဆန်းစုကြည်ပုံ တင်ထားတာကို ဖြုတ်ချခိုင်းတာမရှိဘူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ငြင်းဆိုလိုက်ပါတယ်။
“ကျွန်မသူတို့ကိုအဲ့ဒီလိုဖြုတ်ချခိုင်းထားတာမရှိပါဘူး။ သူတို့သဘောနဲ့ သူတို့အရာရာလုပ်နိုင်ပါတယ်။ အခုလိုမျိုး သတင်းတွေကိုတော့ လိုက်ဖြေရှင်းဖို့မရှိပါဘူး။” လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ဒီရက်ပိုင်းထဲ ရွှေနန်းတော်ရွှေဆိုင်မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေရဲ့ Facebook Cover မှာ ဒေါ်အောင်ဆန်းစုကြည်ပုံတင်ထားကို ဖြုတ်ချခိုင်းတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားမှုတချို့ ပေါ်ထွက်လာတာပါ။
ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ဟာ (၂၀၁၅) ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခုချိန်မှာတော့ ပြည်သူ့ရှေ့ဆောင်ပါတီတည်ထောင်ပြီး ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။
Ref ; O Media

0 comments:

Post a Comment