Friday, July 3, 2020

တရုတ်မှာ မိုးကြီး ရေလျှံမှုတွေကြောင့် လူ ၁၀၀ ကျော် အသေအပျောက် ရှိ

တရုတ်နိုင်ငံ တောင်ပိုင်းမှာ သီတင်းပတ်ချီကာ မကြုံစဖူး မိုးကြီးနေခဲ့မှုကြောင့် နေအိမ် အဆောက်အအုံတွေ ရေနဲ့ မျောပါ ပျက်စီးခဲ့ပါတယ်။ တောင်ပိုင်းဒေသများစွာမှာ ဆယ်စုနှစ်များစွာအတွင်း ရေကြီးမှု အဆိုးဝါးဆုံးကြုံခဲ့ရကာ ဒေသခံ ၁၅ သန်းလောက် ရေကြီးမှု ဒဏ်ခံစားခဲ့ရပြီး လူ ၁၀၆ ဦးခန့် အသေ အပျောက်ရှိနေတယ်လို့ ဆိုပါတယ်။
ယခုနှစ်ရာသီမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် တရုတ်နိုင်ငံရှိ မြစ်ကြောင်းတွေ မကြာခဏ မြစ်ရေလျှံခဲ့ကာ ရေလှောင်ကန်တွေ ရေလွှမ်းခဲ့ပါတယ်။ ယခုနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်စဉ်ကို ရင်ဆိုင်နေရသော်ငြားလည်း ရေလွှမ်းမိုးမှုအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အားစိုက်လုပ်ဆောင်ထားခဲ့ကြောင်း ကွန်မြူနစ်ပါတီရဲ့ သတင်းစာ People’s Daily က ရေးသားခဲ့ပါတယ်။
မိုးသည်းထန်မှုတွေဖြစ်နိုင်ကြောင်း အစိုးရ မိုးလေဝသ အေဂျင်စီက ၃၁ ရက်ဆက်တိုက် သတိပေးချက်ထုတ်ပြန်ထားခဲ့ပြီးနောက်မှာလည်း ရာသီဥတုဆိုးဝါးမှုဟာ လျော့ပါးသွားမယ့် လက္ခဏာမမြင်သေးဘဲ မြေပြိုမှုတွေ၊ ရေလှောင်ကန်၊ ဆည်တမံ ပေါက်ကျမှုတွေ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
တရုတ်နိုင်ငံမှာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်များအတွင်း တည်ဆောက်ခဲ့တဲ့ ရေလှောင်ကန်ငယ် အများစုဟာ မြင့်မားတဲ့ ဆောက်လုပ်ရေးစံနှုန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီခဲ့ခြင်းမရှိကြောင်း တောင်ပိုင်းမြို့ ရှန်ကျန်မှ ဟိုက်ဒြောလစ် အင်ဂျင်နီယာ မစ္စတာ ဘရန်ဒွန်မန် က ပြောဆိုပါတယ်။ ရာသီဥတု အလွန်ဆိုးရွားသွားတဲ့တစ်ချိန်ချိန်မှာ ဒီရေလှောင်ကန်တွေဟာ အလွယ်တကူပဲ အန္တရာယ်ကျရောက်သွားမှာဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရတဲ့ ဝူဟန်မြို့တည်ရှိရာ ဟူပေပြည်နယ်ဟာ ရေလွှမ်းမိုးမှုဒဏ် အဆိုးဝါးဆုံးခံနေရတဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ယန်စီမြစ်အောက်ပိုင်းက ဟူပေပြည်နယ်မှ မြို့တစ်ခုဖြစ်တဲ့ ယီချန်မှာ ပြီးခဲ့တဲ့လက ကားလမ်းတွေပေါ် ခြေကျင်းဝတ်လောက်အထိ ရွှံ့ရေတွေဖုံးလွှမ်းခဲ့တာကြောင့် ကားတွေထဲမှာ လူများစွာ ပိတ်မိသွားခဲ့ကြကြောင်း သိရပါတယ်။
Ref ; Akon Thi

0 comments:

Post a Comment