တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ တစ်နေ့လျှင် လေးနာရီနှင့် စာသင်ချိန်ငါးချိန်သင်ကြားရန် ညွှန်ကြား စာထုတ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနမှသိရသည်။
ကျောင်းစာသင်ချိန်များနှင့်ပတ်သက်၍ ဇူလိုင်၃ရက်၌ People Media သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။
“ဆရာ၊ ဆရာမတွေ တစ်နေကုန် mask တပ်ပြီး စာသင်ဖို့က ဘယ်ဖြစ်နိုင်မှာလဲ။ ဒါကြီးကို ကလေးတပ်ခိုင်းလဲ တစ်နေကုန် ဘယ်ရမလဲ။ အခုလည်းဆရာတို့လည်း စာထွက်ဖို့ရှိတယ်။ တစ်နေ့ကိုအများဆုံးလေးနာရီပဲ စာ သင်ဖို့လေ။ ငါးချိန်ပဲသင်ဖို့ဆိုပြီး မနေ့က ဇူလိုင် ၂ ရက်မှာ ဝန်ကြီးက ညွှန်ကြားစာထွက်ခိုင်းထားတယ်။ ဒီနေ့ ဇူလိုင် ၃ ရက်မှာ စာထွက်နိုင်ဖို့လုပ်ရတယ်။ အဲဒါက အတန်းအားလုံးပေါ့။ တစ်နေ့ကို လေးနာရီပဲ။ တချို့က တော့ ထင်နေတာ။ ခုနစ်နာရီသင်လိုက်မယ်။ ရှစ်နာရီသင်လိုက်မယ်။ မဆိုင်ဘူး။ အခုဟာက အရည်အ သွေးကို သိပ်ပြီးမျှော်မှန်းလို့မရဘူး။ အခုဟာက ကလေးတွေကို ပညာသင်ခွင့်မဆုံးရှုံးအောင် လေ့လာသင်ယူတဲ့ဟာ မပြတ်သွားအောင်လုပ်ပေးတာလေ’’ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ရက်တွင် စတင်ကူးစက်ပြန့်နှံ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်းတစ်ရာကျော်သို့ ကူးစက်ပြန့်နှံ့ခဲ့ပြီး ၎င်းနိုင်ငံများထဲ တွင် မြန်မာနိုင်ငံလည်းပါဝင်ခဲ့သည်။
ယခုနှစ်ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိကျောင်းသားဦးရေ ၉ သန်း ၇ သိန်း ဆရာ၊ ဆရာမဦးရေ ၄ သိန်းကျော် ခန့်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
Ref ; People Media
0 comments:
Post a Comment