ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်း- မင်းကွန်းလမ်းပိုင်းတွင် ကားလမ်းပေါ် ရေကျော်နေ ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ ဧရာဝတီ မြစ်ရေသည် စစ်ကိုင်းတွင် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိတွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့်ကားလမ်းပေါ် ရေကျော်လျက်ရှိသော်လည်း သွားလာလို့ ရသေးတယ်လို့ ဒေသခံများက ဆိုပါတယ်။
အလားတူ ယနေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ အိုးဘိုရပ်ကွက်၊ အုတ်ကျင်းတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်သဖြင့် နေအိမ်များနှင့် ပစ္စည်းများအား စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ SERTအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၊ အိုဘိုလူမှုကူညီးရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ရေလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများဆောင်ရွက် ပေးခဲ့ရကြောင်း သိရပါတယ်။
Ref ; MyanmaPlatform
0 comments:
Post a Comment