ဇွဲကပင်တောင်ပေါ် ကေဘယ်သွယ်ယူမှုလုပ်ငန်းတွင် လုပ်ကိုင်နေသည့်ဇနီးမောင်နှံနှစ် ဦးနှင့်ခွေးတစ်ကောင် ဓာတ်လိုက် သေဆုံးမှုဖြစ်ပွားခဲ့သည်။ ယင်းသေဆုံးသူများ နေထိုင်သည့် ကျောင်းဆောင်တစ်ခုအတွင်း အပုပ်နံ့ရရာမှ နှစ်ဦးစလုံး သေဆုံးလျက်ရှိသည်ကို ယမန်နေ့ နံနက်တွင် တွေ့ရှိခဲ့သည်။
သေဆုံးမှုကို ရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးရာတွင် မီး စက်မှတစ်ဆင့် သမံတလင်းပေါ်မှ သွယ်တန်းထားသော မီးကြိုးမှ တစ်ဆင့်စိုနေသော ကြမ်းပြင်ကို ဓာတ်လိုက်ရာမှ သေဆုံးခြင်းဖြစ် သည်ဟု ကရင်ပြည်နယ် ရဲတပ် ဖွဲ့က စစ်ဆေးအတည်ပြုသည်။
‘‘အဲဒီမှာ ၁၀ ယောက်ရှိရင် ၁၀ယောက်သေမှာ။ ကြမ်းပြင်က လည်း စိုနေတယ်။ မီးကြိုးက လည်း ကြမ်းပြင်ပေါ်မှာလေ။ ခွေး တစ်ကောင်လည်း ပါသွားတယ်။ စစ်ဆေးမှုအရ မီးကြိုးတွေသွယ် ထားတဲ့ သမံတလင်းကလည်းစို နေတော့ အဲဒီကနေတစ်ဆင့် ဓာတ်လိုက်ဆုံးကုန်တာတွေ့ရှိရ ပါတယ်’’ဟု ဘားအံ ထုံးအိုင်ရဲ စခန်းမှစခန်းမှူး ရဲအုပ်ထွန်းဦးက ပြောသည်။
အဆိုပါ သေဆုံးသူများကို အပုပ်နံ့ထွက်မှသိရသဖြင့် သေ ဆုံးသည်မှာ ရက်ပိုင်းကြာမြင့်ပြီဟု ယူဆ ကြောင်း ဇွဲကပင်တောင် ပေါ်နေ ဦးပဉ္ဇင်းတစ်ပါးက ဆို သည်။
‘‘သူတို့က ကေဘယ်လုပ် သားတွေပေါ့။ လင်မယားပါ။ သူ တို့လည်း သူတို့ဘာသာနေ။ ဦး ပဉ္စင်းတို့လည်း ကိုယ့်ဘာသာ ကိုယ်နေတာဆိုတော့ ဖြစ်တာ မသိလိုက်ဘူး။ ဒီမနက်မှသိတာ’’ ဟု ဇွဲကပင်တောင်ပေါ်မှ ဦး ပဉ္စင်း တစ်ပါးက မိန့်ကြားသည်။
ထို့အပြင် သေဆုံးသူဇနီး မောင်နှံတွင် ဇနီးဖြစ်သူ၌ ကိုယ် ဝန်ငါးလခန့်ရှိပြီဟု ကေဘယ် ကြိုးလုပ်ငန်းမှ အလုပ်သမားတစ် ဦးက ပြောသည်။ ၎င်း၏ပြောပြ ချက်အရ သေဆုံးသူသည် ကေ ဘယ်ကြိုးသွယ်ယူမှုလုပ်ငန်းမှ ကို ဖိုးသားနှင့် မကရင်မဖြစ်သည်။
ယင်းဇနီးမောင်နှံနှစ်ဦးသည် ဇူလိုင် ၂၂ ရက်တွင် တာဝန်ကျ သဖြင့် တောင်ပေါ်တက်ပြီး လုပ် ငန်းခွင်သုံးပစ္စည်းကို သွားစောင့် အိပ်ခဲ့ခြင်းဖြစ်ကာ ၂၃ ရက်အထိ အဆက်အသွယ်ရသေးသည်ဟု ၎င်းကဆိုသည်။
‘‘အဲဒီနောက်ပိုင်းအဆက်အ သွယ်မရတော့ဘူး။ အခုသတင်း သိတော့ အခုလိုဆုံးသွားပြီ’’ ဟု ၎င်းက ဆိုသည်။
ယင်းသေဆုံးမှုတွင် ရုပ် အလောင်းများသည် ပုပ်ပွလျက် မည်းနေသည်ကို တွေ့ရသည်။ ဇွဲကပင်တောင်ပေါ်တွင် လူငယ် နှစ်ဦး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် မှုနောက်ပိုင်းမကြာမီ အမျိုးသား နှင့်အမျိုးသမီးသေဆုံးမှုထပ်မံဖြစ် ပွားခြင်းဖြစ်သဖြင့် ဇွဲကပင်ဂုဏ် သတင်းကို ထိခိုက်မည်ကို စိုးရိမ် ရသည်ဟု တောင်တက်သူများက ဆိုသည်။
‘‘ဇွဲကပင်က သာယာလှပ တဲ့နေရာပါ။ လူစည်ကားမပြတ် ဘူး။ ဒါပေမဲ့ အခုလိုလူသေမှု ခဏခဏ ဖြစ်တော့ ဇွဲကပင်ကို တစ်မျိုးတစ်မည် ခံစားသွားမှာ ကိုစိုးရိမ်တယ်’’ ဟု တောင်ပေါ် တွင်ရောက်ရှိနေသူ ခွန်ခမ်းထီက ပြောသည်။
ယခုသေဆုံးမှုသည် ဇွဲက ပင်တောင်ပေါ်တွင် ရက် ၃၀ အတွင်း သုံးကြိမ်မြောက် လူသေ ဆုံးမှုလည်းဖြစ် သည်။ ပြီးခဲ့သည့် ဇွန်လတတိယပတ်တွင် တက္က သိုလ်ကျောင်းသူတစ်ဦး၊ ဇူလိုင် လဒုတိယပတ်တွင် တက္က သိုလ် ကျောင်းသားတစ်ဦး ဇွဲကပင် တောင်ပေါ်တက်ကာ ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ သည်။
Ref ; 7Day
0 comments:
Post a Comment