Monday, July 27, 2020

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတင်

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုကို ဇူလိုင်လ ၂၇ ရက်က နေပြည်တော်ရှိ ပြည် ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံတင်ခဲ့ကြောင်း သိရသည်။
“အယူခံလက်ခံလိုက်လားဆိုတာက မသိသေးဘူးဗျ။ တင်ထားတုန်းပဲရှိသေးတယ်။ ဘယ်နေ့အကြောင်းပြန်မယ် ဆိုတာမျိုးတော့ မရှိဘူးလေ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မပြောဘူးလေ။ ကျွန်တော်တို့က သူတို့ဝက်ဆိုဒ်ကိုပဲ စောင့်ကြည့်ရမှာပါ။ ကျွန်တော်အနေနဲ့ကတော့ ဒီကိစ္စကို ဘာမှပြောစရာမရှိပါဘူး။”ဟု ဒေါ်လဲ့လဲ့မော်၏ရှေ့နေ ဦးသက်စိုးအောင်က ဖုန်းဖြင့်ပြောသည်။
ယနေ့ဇူလိုင်လ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိသတင်းသမားများ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှေ့တွင် စောင်းဆိုင်းခဲ့သော်လည်း တွေ့ဆုံဖြေကြားခြင်းမပြုခဲ့ပေ။ ဒေါ်လဲ့လဲ့မော်ကို တနင်္သာရီတိုင်းတရားလွှတ်တော်က အဂတိလိုက်စားမှု လေးမှုဖြင့် စုစုပေါင်း ထောင်နှစ် ၃၀ ကျခံစေရန် မေ ၂၂ ရက်မှာ အမိန့်ချခဲ့ကြောင်း သိရသည်။
ဒေါ်လဲ့လဲ့မော်ကို တရားစွဲခဲ့သည့် အမှုလေးမှုတွင် တစ်မှုစီကို ထောင် ၁၀ နှစ်စီဖြင့် စုစုပေါင်း နှစ် ၄၀ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း GGS ကုမ္ပဏီနဲ့ ပတ်သက်သည့် နှစ်မှုကို ပြစ်ဒဏ်ကိုတစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
Ref ; MyanmaPlatform

0 comments:

Post a Comment