Monday, July 27, 2020

မြေပြိုမှုကြောင့်လူ(၇၀)ကျော်သေဆုံးခဲ့တဲ့မလတ်တောင်နဲ့ ပေ(၁၅၀၀)လောက်ဝေးတဲ့တောင်မှာ မြေပြိုကျမှုဖြစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကုလားမတောင်မှာ ဇူလိုင်လ(၂၆)ရက်ရက်က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူဦးရေ (၄၀)ဝန်းကျင်ကို ပြောင်းရွှေ့လိုက်ရတယ်လို့ မိုးနိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘရှင်က ပြောပါတယ်။
အဲဒီမြေပြိုကျတဲ့နေရာဟာ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းမှာရှိတဲ့ ကျောက်မိုင်းလုပ်ကွက်နားမှာဖြစ်ပြီး ကျောက်မိုင်းအလုပ်သမားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။
"အိမ်တွေလည်း ဘာမှမထိဘူး။ လူတွေလည်းဘာမှမထိဘူးပေါ့။ ဒါပေမဲ့ တောင်အောက်မှာရှိတဲ့ တဲ(၈)လုံးကို ဒီနေ့ပြောင်းရွှေ့ဖို့ အခုစီစဉ်ပြီးပြီ။"လို့ ဦးဘရှင်က ပြောပါတယ်။
အဲဒီမြေပြိုကျတာဟာ ကျောက်မိုင်းကြောင့်မဟုတ်ပဲ တောင်ကျရေကိုသွယ်ယူထားတဲ့ ပိုက်ပြတ်နေတဲ့နေရာကမြေသားနုပြီး တစ်ဧကရဲ့(ဝ.၁၀)နှုန်းဝန်းကျင် ပြိုကျသွားတာလို့ သိရပါတယ်။
"ကားလမ်းနဲ့အဝေးကြီးပါ။ အရင်ပြိုကျတဲ့ မလတ်တောင်နဲ့ ပေ(၁၅၀၀)လောက်ဝေးပါသေးတယ်။"လို့ ဦးဘရှင်က ပြောပါတယ်။ အခု မြေပြိုကျတဲ့နရာဟာ မနှစ်ကထဲက အက်ကြောင်းရှိနေတာဖြစ်သလို နောက်ထပ်ပြိုကျနိုင်ခြေရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒါကြောင့်ဇူလိုင်လ(၂၆)ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေက မြေပြိုကျတဲ့နေရာကို သွားရောက်စစ်ဆေး ခဲ့ကြသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လ(၉)ရက်နေ့တုန်းက ပေါင်မြို့နယ်မှာပဲ မလတ်တောင်ပြိုကျခဲ့တာကြောင့် လူ(၇၀)ကျော် သေဆုံးခဲ့ပါသေးတယ်။
Ref ; O Media

0 comments:

Post a Comment