Friday, July 3, 2020

လစာထက်ဝက်လျှော့သည်ကို လက်မခံသည့် ယာဉ်မောင်းများ နစ်နာကြေးဖြင့်အလုပ်မှရပ်နားခံရ

လစာထက်ဝက် လျှော့သည်ကို လက်မခံသည့် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YBPC)မှ ယာဉ်မောင်း ၅၀၀ ခန့် အလုပ်မှရပ်နားခံရကြောင်း ယင်းကုမ္ပဏီယာဉ်မောင်းသမဂ္ဂအဖွဲ့ဝင်အချို့ကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရှယ်ယာအများဆုံးပိုင်ဆိုင် သည့် YBPC ကုမ္ပဏီသည် ယာဉ် မောင်းများအား ယခင်က ယာဉ်မောင်းတစ်ဦးလျှင် သုံးသိန်းကျပ်နှင့် ယာဉ်စီးခငွေရှာဖွေနိုင်မှု၏ ၆ ရာခိုင်နှုန်းပေးရာမှ ဇူလိုင်ကစ၍ လစာကျပ်တစ်သိန်းခွဲနှင့် ခေါက်ကြေးပေးသည့်စနစ်ကို ကျင့်သုံးရန်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လစာထက်ဝက် လျှော့ချသည့်အပေါ်လက်ခံသည့် ယာဉ်မောင်းများအား ဆက်လက်လုပ်ကိုင်စေပြီးလက်မခံသူများ ဥပဒေပါ နစ်နာကြေးပေး၍ အလုပ်မှရပ်နားစေခဲ့ကြောင်း ယာဉ်မောင်းသမဂ္ဂအဖွဲ့ဝင် ဦးလှဟန်ကပြောပါတယ်။
‘‘ကျွန်တော်တို့ သိရသလောက်ဆိုရင် ယာဉ်မောင်းဦးရေ ၅၀၀ လောက်က လက်မခံဘူး။ လစာတစ်သိန်းခွဲနဲ့ ကားကြီးကိုတာဝန်ယူမောင်းဖို့ဆိုတာက မဖြစ်နိုင်ဘူး... ဒါကြောင့် နစ်နာ ကြေးယူပြီး အလုပ်ထွက်ဖို့လက်ခံလိုက်တာ’’ဟု ၎င်းက ပြောပါတယ်။
YBPC ကုမ္ပဏီသည် ယာဉ် လိုင်း ၁၂ လိုင်းကို တာဝန်ယူပြေး ဆွဲနေပြီး ယင်းကုမ္ပဏီတွင် ယာဉ် မောင်း ၁,၀၀၀ ကျော်ရှိကြောင်း အဆိုပါ ယာဉ်မောင်းများကဆိုသည်။ ယခု ပြောင်းလဲလိုက်သည့် လစာပေးချေမှုစနစ်တွင် မောင်းကြေးတစ်ခေါက်လျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် တစ်ရက်လျှင် သုံးခေါက်ပြေးဆွဲရန်၊ စီအင်န်ဂျီဖြည့်ရန်သွားရောက်ခြင်းအတွက်ကျပ် ၂,၀၀၀ ပေးရန် သတ်မှတ်ထားသော်လည်းကားပျက်ခြင်းအကြောင်း အမျိုးမျိုးကြောင့်မောင်းရန်မဖြစ်နိုင်သည့် အချိန်များအတွက် ဝင်ငွေမရနိုင်သည့်အခြေအနေမျိုးဖြစ်နေသည်ဟု ၈၈ ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုဖြိုးသန့်ဇင်က ပြောသည်။
‘‘သူပေးတဲ့နှုန်းနဲ့ဆိုရင် နေ့တိုင်း ခေါက်ရေပြည့်မောင်းမယ်။ ကားလည်း ဘာမှမဖြစ်ဘူးဆိုရင် တော့ လစာနဲ့ပေါင်းရင် နဂိုနှုန်းထားတော့ပြန်ရနိုင်တယ်... ဒါက လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး’’ ဟု ၎င်းကပြောသည်။
လစာလျှော့ချသည့်အပေါ် လက်မခံသည့် ယာဉ်မောင်းများသည် နစ်နာကြေးရယူ၍ အလုပ် ထွက်ရန် ရွေးချယ်ခဲ့သော်လည်း အခြားအလုပ် အဆင်သင့်မရှိသည့်အတွက် အခက်ခဲများရှိနေသည်ဟု ယာဉ်မောင်းများကဆိုသည်။ အလုပ်ထွက်ရန် သဘောတူခဲ့သည့် အဆိုပါကုမ္ပဏီရှိ ယာဉ်လိုင်းသုံးလိုင်းမှ ယာဉ်မောင်း ၇၀ ခန့်အား ယမန်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ YBPC ရုံးတွင် ရသင့်သည့်နစ်နာကြေးများပေးသည့်အခမ်း အနား ပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။
Ref ; Popolay

0 comments:

Post a Comment