Friday, July 3, 2020

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် ဆိုင်ကယ်စီးလာသူ(၁)ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဇူလိုင်လ ၂ရက် ည ၈နာရီခွဲခန့်က ဆိုင်ကယ်စီးလာသူတစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စခန်းက ဖုန်းဆက်လာလို့ ကူညီဖို့သွားကြည့်တာ ၄/၅ချက်လောက် ပစ်ခံထားရတာတွေ့ရတယ်။ အသေးစိတ် အချက်အလက်တော့ မသိပါဘူး” ဟု မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောသည်။
သေဆုံးသူသည် တစ်ဦးတည်း ဆိုင်ကယ်မောင်းလာစဉ် စက်မှုရပ်ကွက်နှင့် ဟိုနားလမ်းဆုံ၊ ဘုန်းကြီးကျောင်း အနီးအရောက်၌ ဆိုင်ကယ်စီး လူ(၂)ဦးက အနောက်မှလိုက်၍ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ၎င်း၏ ပြောပြချက်အရ သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် မူဆယ်မြို့မရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျရဲအရာရှိတစ်ဦးက တာဝန်မှူးမရောက်သေးကြောင်းသာ ပြန်လည်ဖြေကြားခဲ့သဖြင့် အချက်အ လက်များ သိခွင့်မရခဲ့ပေ။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကလည်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ နမ့်ခမ်းမြို့မ(ဌာနေ) ပြည်သူ့ စစ်အဆောက်အဦးကို လက်နက်ကိုင်အချို့မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ခွေးတစ်ကောင် သေဆုံးခဲ့သေးသည်။
Source - VIDYA

0 comments:

Post a Comment