Friday, July 3, 2020

ကိုဗစ်ကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအတွက် ဂျပန်စေတနာရှင်တစ်ဦးမှအလှူငွေ လှူဒါန်းလာခြင်း

ကိုဗစ်ကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအတွက် ဂျပန်နိုင်ငံ၊ Ibaraki ခရိုင်၊ Toride မြို့မှ ဂျပန်လူမျိုး စေတနာရှင် Mr. KAMIURA Naoki မှ ဂျပန်ယန်းငွေ ၁၀၀,၀၀၀ (ဂျပန်ယန်းငွေ တစ်သိန်းတိတိ) ကို မြန်မာ သံအမတ်ကြီးထံ ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အလှူရှင် Mr. KAMIURA Naoki အား သံအမတ်ကြီးမှ ဂျပန် နိုင်ငံရောက် မြန်မာ နိုင်ငံသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ လှူဒါန်းငွေအတွက် ကျေးဇူးတင်ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ပါသည်။
အလှူရှင် Mr. KAMIURA Naoki သည် မြန်မာနိုင်ငံသို့ (၆)နှစ်ကြာမျှ သွားရောက်ခဲ့ကာ သီလဝါအထူးစက်မှုဇုံတွင် မြန်မာအလုပ်သမားများအား လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး သင်တန်းများ ပို့ချပေးလျက်ရှိပြီး၊ မြန်မာနိုင်ငံသားများအပေါ် အထူးသံယောဇာဉ်ရှိသူတစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာသံရုံး
တိုကျိုမြို့။

0 comments:

Post a Comment