Friday, July 3, 2020

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ပါတီစည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဟု ဒီချုပ်ထုတ်ပြန်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဇူလိုင်လ ၂ ရက်ကစတင်၍ ပါတီနှင့်နယ်မြေစည်းရုံးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အထူးကြေညာချက်အဖြစ် ထုတ်ပြန် သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးဦးသည် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးလုပ်ငန်းများ နှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို (ဇူလိုင် ၁)ရက်က စတင်ကြေညာသည့်နေ့မှစ၍ ဆောင် ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပြီး တစ်ရက်အကြာတွင်ဒီချုပ်ပါတီက ကြေညာခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၂ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သော ဒီချုပ်ပါတီဗဟိုအ လုပ်မှုဆောင်အဖွဲ့၏ အစည်းအ ဝေးဆုံးဖြတ်ချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိ ယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်တို့သည် ပါတီနှင့်နယ်မြေစည်းရုံးရေး လုပ် ငန်းများ စတင်ဆောင်ရွက်မည် ဖြစ် ကြောင်း ပြည်သူများနှင့်အဖွဲ့ ချုပ် အဖွဲ့ဝင်များအား အသိပေး ကြေညာခြင်းဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။
‘‘ရွေးကောက်ပွဲ ကော်မရှင် ကြေညာတဲ့နေ့ကစပြီး နောက်ရက် မှာ လက်ရှိပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ ဒုဝန်ကြီးတွေစည်းရုံး ရေးလုပ်နိုင်ပါပြီ။ ဒီဟာနဲ့ပတ် သက်ပြီး ကျွန်တော်တို့ရဲ့ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဒုတိယဥက္ကဋ္ဌ (၁)သမ္မတ ကြီး ဦးဝင်းမြင့် ပါတီနဲ့ယှဉ်လိုက် တော့ ပါတီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ (၁)တို့ ပါတီစည်းရုံးရေးလုပ်ငန်းများ ကို လုပ်ကိုင်မည်ဖြစ်ပါကြောင်း ကျွန်တော်တို့ CEC ကနေ ဒီနေ့ ကြေညာချက် ထုတ်ပေးလိုက် တာ’’ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြော သည်။
ယခင် ဦးသိန်းစိန်အစိုးလက် ထက်တွင်လည်း ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များသည် အလားတူ ဖြစ်ပြီး ဒီချုပ်အစိုးရလက်ထက်မှ ထူးထူးခြားခြားဖြစ်လာသည် မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေးထားချက်အရသာဖြစ် ကြောင်း၎င်းကရှင်းပြသည်။ ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်က နိုဝင်ဘာ ၈ရက်တွင် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာ ထားသည်။
၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် သမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒ နယ်ကို မသိရှိသေးဘဲ ဇူလိုင် ၂ ရက်ကဆွေးနွေးသည့် ဗဟိုအလုပ်မှုဆောင်အစည်းအဝေးတွင်လည်း ယင်းအကြောင်းအရာမပါ ဝင်သောကြောင့် နောင်လာမည့် အစည်းအဝေးများတွင် သိရှိနိုင် မည်ဖြစ်ကြောင်း ဒေါက်တာဇော် မြင့်မောင်က ဆိုသည်။
‘‘အခုလောလောဆယ် ဒီနေ့ ဆွေးနွေးတဲ့ အစည်းအဝေးတုန်းက အရင်တုန်းက ပြီးခဲ့တဲ့အစည်းအဝေးတွေမှာတော့ အတိုင်ပင်ခံရော၊ သမ္မတရော ဝင်ပြိုင်မယ်ဆိုတာ ကျွန်တော်တို့ထဲမှာမပါဘူး။ အစည်းအဝေးပြုလုပ်တဲ့ အကြောင်းအရာထဲမှာ မပါပါဘူး ခင်ဗျ’’ဟု ၎င်းကရှင်းပြသည်။
၂၀၂၀ အထွေထွေရွေး ကောက်ပွဲအတွင် ကိုယ်စားလှယ် လောင်းများ ဗဟိုစိစစ်ရွေးချယ် ရေးအဖွဲ့နှင့် ဗဟိုအောင်နိုင်ရေး အဖွဲ့တို့ကို ဇူလိုင် ၂ရက်က ဖွဲ့စည်းလိုက်ပြီး ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များကဦးဆောင်မည်ဖြစ်ပြီး ပါဝင်မည့်သူများကို ရုံးတွင်းအမိန့်ဖြစ်၍ ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

Ref ; 7Day

0 comments:

Post a Comment