Thursday, July 2, 2020

ဟောင်ကောင်အရေးနှင့်ပတ်သက်၍ တရုတ်ဘဏ်များအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်မည့် ဥပဒေမူကြမ်းတစ်ခုအား အမေရိကန်အောက်လွှတ်တော်မှ ပြဋ္ဌာန်း

အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းရန် ဆောင်ရွက်ခဲ့သော တရုတ်အရာရှိများနှင့် စီးပွားရေးလုပ်ကိုင်နေသည့် ဘဏ်များအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်မည့် ဥပဒေမူကြမ်းတစ်ခုအား အမေရိကန်အောက်လွှတ်တော်မှ ဇူလိုင်လ ၁ ရက်နေ့က အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi မှ အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်အပေါ် ပြင်းပြင်းထန်ထန်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယခင်ဗြိတိသျှကိုလိုနီလက်ထက်က နိုင်ငံတကာဘဏ္ဍာရေးအချက်အချာအဖြစ် ရှင်သန်ခွင့်ပြုခဲ့သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အဆုံးသတ်စေမည့် တရုတ်နိုင်ငံ၏ လုံခြုံရေးဥပဒေပြဋ္ဌာန်းမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ စိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
လွန်ခဲ့သော ရက်သတ္တပတ်တွင် အမေရိကန်အထက်လွှတ်တော်မှ အလားတူ ဥပဒေမူကြမ်းတစ်ခုကို အတည်ပြုပြဋ္ဌာန်းခဲ့သော်လည်း လွှတ်တော်ဆိုင်ရာစည်းမျဉ်း စည်းကမ်းများအရ ဥပဒေမူကြမ်းအား သမ္မတဒေါ်နယ်ထရမ့်မှ လက်မှတ်ရေးထိုးရန် သို့မဟုတ် ပယ်ချရန် အိမ်ဖြူတော်သို့ မပေးပို့မီ အထက်လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းရမည်ဖြစ်သည်။
အစောပိုင်းတွင် Pelosi သည် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ ကော်မတီ၏ ကြားနာမှုတွင် လုံခြုံရေးဥပဒေသည် “တစ်နိုင်ငံ၊ စနစ်နှစ်ခု မူဝါဒ” ကို အဆုံးသတ်စေ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ကြားနာမှုတွင် Pelosi မှ အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ဟောင်ပြည်သူများအပေါ် ရက်စက်စွာ နှိမ်နင်းခြင်းဖြစ်ပြီး ၎င်းတို့ကတိပေးထားသည့် လွတ်လပ်ခွင့်များကိုဖျက်ဆီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မှ လုံခြုံရေးဥပဒေသည် နိုင်ငံအားလုံးကို စော်ကားရာရောက်ပြီး အမေရိကန်နိုင်ငံအနေဖြင့် ဟောင်ကောင်၏ အခြေအနေများကို အဆုံးသတ်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ ညွှန်ကြားချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
အမေရိကန်နိုင်ငံသည် ဟောင်ကောင်၏ အခြေအနေများကို ဖယ်ရှားရန် စတင်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ တင်ပို့မှုများ ရပ်တန့်ခြင်းနှင့် ဟောင်ကောင်တွင် အဆင့်မြင့်နည်းပညာပစ္စည်းများ အသုံးပြုမှုအပေါ် ကန့်သတ်မှုများ ပြုလုပ်လျက်ရှိပါသည်။
Source : Reuters
“U.S. House passes bill to sanction Chinese banks over Hong Kong ”

0 comments:

Post a Comment