Thursday, July 2, 2020

အော်ပရေတာ(၄)ခုမှ မှတ်ပုံမတင်၍ ဖျက်သိမ်းလိုက်သည့် ဆင်းကတ်များထံက လက်ကျန်ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမည်

မှတ်ပုံမတင်သည့် ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးကဖျက်သိမ်းလိုက်ပြီဖြစ်ပြီးယင်းဆင်းကတ်၏လက်ကျန်ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆီးမည်ဟု မြန်မာ့ဆက်သွယ်ရေး၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၏ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဖုန်းဆင်းကတ်များကို ဇူလိုင် ၁ ရက်ကစပြီး အပြီးတိုင်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
"အော်ပရေတာလေးခုလုံးက ဖျက်သိမ်းစာရင်းကို ဒီနေ့ပြုစုနေပြီ ကျွန်တော်ထင်တယ် အဲဒီစာရင်းတွေ မနက်ဖန်သန်ဘက်ခါလောက်ကျွန်တော်တို့ဆီရောက်မယ် ၂၀၁၇တုန်းကအဲလိုတစ်ခါလုပ်ဖူးတယ်အဲဒီတုန်းကဖျက်သိမ်းဆင်းကတ်တွေဆီကနေ သန်းတစ်ထောင့်ငါးရာဝန်းကျင်ရတယ် အဲဒီတုန်းက လူမှုဝန်ထမ်းရဲ့သဘာဝဘေးအန္တရယ် စီမံခန့်ခွဲတဲ့ဆီကိုလှူလိုက်တယ်"ဟုမြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုဖျက်သိမ်းပြီး ဆင်းကတ်များ၏ လက်ကျန်ငွေများကိုလည်းစာရင်းတောင်းထားပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမည်ဖြစ်ကြောင်းလည်း သိရသည်။
Crd : Fifthwave

0 comments:

Post a Comment