အိန္ဒိယတိုက်ငယ်မှ အကြမ်းဖက်အဖွဲ့အယ်ကေးဒါးကလည်း အိန္ဒိယ၊ ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ စစ်သွေးကြွ ၁၅၀ နှင့် ၂၀၀ ကြားက ဒေသတွင်းတိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်နေသည်ဟု အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကီရာလာနှင့် ကာနာတာကာပြည်နယ်များတွင် အိုင်အက်စ်ဟု ကိုယ့်ကိုယ်ကိုသုံးနှုန်းသည့် အစ္စလာမ်မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ဝင် အရေအတွက် သိသိသာသာ ရှိနေကြာင်းလည်း ပါဝင်သည်။
အိန္ဒိယတိုက်ငယ်မှအယ်ကေးဒါးအဖွဲ့ (AQIS) သည် အာဖဂန်နစ္စတန်နိုင်ငံမှ နင်မ်ရုဇ်၊ ဟယ်မန်နှင့် ကန်ဒါဟာပြည်နယ်တို့မှတာလီဘန်အရိပ်အောက်တွင်လှုပ်ရှားကြောင်း အိုင်အက်စ်၊ အယ်ကေးဒါးနှင့်ဆက်စပ်လူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများနှင့်စပ်လျဉ်းပြီးအချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ပိတ်ဆို့အရေးယူမှုစောင့်ကြည့်ရေးအဖွဲ့အစီရင်ခံစာကဖော်ပြသည်။
“AQIS မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနဲ့ ပါကစ္စတန်နိုင်ငံတို့က အဖွဲ့ဝင် ၁၅၀ နဲ့ ၂၀၀ ကြားထဲရှိပါတယ်။ AQIS လက်ရှိခေါင်းဆောင်က အိုဆမာ မာမုပါ။ သူ့အရင်ခေါင်းဆောင်အာဆင် အူမာသေဆုံးသွားလို့ လက်တုံ့ပြန်တဲ့စစ်ဆင်ရေးလုပ်ဖို့ AQIS က စီစဉ်နေတယ်လို့သိရပါတယ်။” ဟု အစီရင်ခံစာတွင်ပါဝင်သည်။
အစီရင်ခံစာအရ “အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အိုင်အက်စ်သစ္စာခံအိန္ဒိယအဖွဲ့ ဟိန်ဝိလာယာ Hind Wilayah က ၂၀၁၉ ခုနှစ်၊ မေ ၁၀ ရက်မှာ အဖွဲ့ဝင် ၁၈၀ နဲ့ ၂၀၀ ကြားရှိပြီလို့ သတင်းပိုခဲ့တယ်။” ဟုသိရသည်။
၂၀၁၉ခုနှစ်၊မေတွင်အိုင်အက်စ်ကအိန္ဒိယပြည်တွင်းတွင်သူတို့သတ်မှတ်ထားသည့်ပြည်နယ်တစ်ခုရှိလာပြီဟု ထုတ်ပြန်ခဲ့ပြီး ထိုဖြစ်ရပ်မှာ ကတ်ရှ်မီးယားဒေသတွင် စစ်သွေးကြွများနှင့် လုံခြုံရေးတပ်ဖွဲ့များကြားထိပ် တိုက်တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပထမဆုံးဖြစ်ရပ်ဖြစ်သည်။
ဂျမ်မူးနှင့်ကတ်ရှ်မီးယားပြည်နယ်မှ အကြီးတန်းရဲအရာရှိတစ်ယောက်က ထိုဖြစ်ရပ်ကို ငြင်းဆိုခဲ့သည်။
Ref ; The Fifth Wave News
0 comments:
Post a Comment