Thursday, July 2, 2020

တန်ချိန်ပေါင်း ၅၀၀၀ ကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံးစကျင်ကျောက်တော်ကြီးဘုရား ပူဇော်ထုဆစ်နိုင်ရန် စကျင်ကျောက်တုံးကြီးများ သင်္ဘောဖြင့်စတင်သယ်ဆောင်

ဆရာတော်ဘုရားကြီးတို့ထံမှ သြဝါဒခံယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ အများစုပေါင်းလှူဒါန်းမှုဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားပူဇော်မည့် ကမ္ဘာ့အကြီးဆုံး ဖြစ်လာမည် စကျင်ကျောက်တော်ကြီးဘုရားပူဇော်ထုထစ်နိုင်ရန် စကျင်ဒေသမှ စကျင်ကျောက်တုံးကြီးများကို သင်္ဘော ကြီးများဖြင့် စတင်သယ်ဆောင်နေပြီဖြစ်ကြောင်း စကျင်ဒေသခံတစ်ဦးမှ ဇွန်လ၂၉ ရက်က ပြောသည်။
အဆိုပါကျောက်တုံးကြီးများကို ဇွန် လ ၂၇ ရက်မှစတင်ကာ မန္တလေးတိုင်းဒေ သကြီး မတ္တရာမြို့နယ် စကျင်ရွာဂဲတောင် လုပ်ကွက်မှ ၁၆ဍ္ဍ၁၈ ဘီးပါသည့်တွဲကား ကြီးများပေါ်သို့ ကရိန်းကြီးများဖြင့် မယူတင်ဆောင်ကာ နေပြည်တော်သို့ ဆက်လက်သယ်ဆောင်မည့် မြောင်မြစ်ကမ်းနား ၌ ဆိုက်ကပ်ထားသောသင်္ဘောကြီးများပေါ် သို့တင်ဆောင်နေကြကြောင်း သိရသည်။
၎င်းစကျင်ကျောက်တုံကြီးများကို သင်္ဘောကြီးများဖြင့်သယ်ဆောင်ရာတွင် စတင်သယ်ဆောင်သည့်မြောင်မြစ်မှတစ် ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်း ကာ ဆီမီးခုံဆိပ်ကမ်း၊ ဆီမီးခုံဆိပ်ကမ်း မှတစ်ဆင့် မန္တလေးတံတားဦးစကားအင်း အဝိုင်း ယင်းမှတစ်ဆင့် မန္တလေးအမြန် လမ်းမကြီးအတိုင်း ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးတည်ထားကိုးကွယ်မည့် ဒက္ခီဏသီရိ မြို့နယ်သို့ အဆင့်ဆင့်ပင့်ဆောင်သယ်ယူ သွားမည်ဖြစ်ကြောင်းသိရပြီး သယ်ယူရာ တွင် ပလ္လင်တော်အပိုင်းမှာ အလေးချိန်တန် ချိန်ပေါင်း ၂၇၀ဝ ကျော်ရှိပြီး အပိုင်းအား ဖြင့် ၅ ပိုင်းရှိကြောင်းနှင့် ၎င်းပလ္လင်တော် ပေါ်တွင် တည်ထားကိုးကွယ်မည့် ဘူမိ ဖဿမုဒြာဘုရားမှာ တန်ချိန်ပေါင်း ၂၃၀ဝ ကျော်ရှိပြီး သယ်ယူရာတွင် အပိုင်း ၄ ပိုင်း ဖြင့် စုစုပေါင်းအပိုင်း ၉ ပိုင်းဖြစ်ကာ အကြီး ဆုံးအပိုင်းမှာ တန်ချိန် ၉၇၀ ကျော်အလေး ချိန်ရှိသည့်အတွက် ၎င်းအားသယ်ယူရန်သင်္ဘောများအနေဖြင့် အနိမ့်ဆုံးတန်ချိန် ၁၀ဝ၀ ကျော်တင်ဆောင်နိုင်သည်ရေယာဉ်များဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဘုရားပူဇော်ရန် စကျင်ကျောက်တုံးကြီးများ သယ်ဆောင်ရာတွင် နေ့ဘက်သယ်ဆောင်ရာတွင် လာရောက် ကြည့်ရှုသူအလွန်များပြားနေသည့်အ တွက် ထိခိုက်မှုများရှိနိုင်သည့်အတွက် ညပိုင်း၌သာ သယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း၊ အဆိုပါကျောက် တုံးများကို ဇူလိုင်လ ၃ ရက်တွင် သင်္ဘော များအပေါ်သို့အပြီးတင်ဆောင်မည်ဖြစ်ပြီး ဘူမိဖဿမုဒြာဘုရားကို ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း၊ တန်ချိန်ပေါင်း ၅၀ဝ၀ ကျော်ကာ မြန်မာနိုင်ငံတွင်လက်ရှိတွင် တန်ချိန် ၉၀ဝ ရှိသော အကြီးဆုံး စကျင်ကျောက်တော်ကြီးဘုရားဖြစ်သည့် မန္တလေးမြို့မဟာသ ကျမာရဇိန်ဘုရားကြီးထက် အဆပေါင်း ၅ ဆကျော် ပိုမိုကြီးမားကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
တန်ချိန်ပေါင်း ၅၀၀၀ ကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံးစကျင်ကျောက်တော်ကြီးဘုရား ပူဇော်ထုဆစ်နိုင်ရန် စကျင်ကျောက်တုံးကြီးများ သင်္ဘောဖြင့်စတင်သယ်ဆောင်
Thursday, July 2, 2020
ဆရာတော်ဘုရားကြီးတို့ထံမှ သြဝါဒခံယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ အများစုပေါင်းလှူဒါန်းမှုဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားပူဇော်မည့် ကမ္ဘာ့အကြီးဆုံး ဖြစ်လာမည် စကျင်ကျောက်တော်ကြီးဘုရားပူဇော်ထုထစ်နိုင်ရန် စကျင်ဒေသမှ စကျင်ကျောက်တုံးကြီးများကို သင်္ဘော ကြီးများဖြင့် စတင်သယ်ဆောင်နေပြီဖြစ်ကြောင်း စကျင်ဒေသခံတစ်ဦးမှ ဇွန်လ၂၉ ရက်က ပြောသည်။
အဆိုပါကျောက်တုံးကြီးများကို ဇွန် လ ၂၇ ရက်မှစတင်ကာ မန္တလေးတိုင်းဒေ သကြီး မတ္တရာမြို့နယ် စကျင်ရွာဂဲတောင် လုပ်ကွက်မှ ၁၆ဍ္ဍ၁၈ ဘီးပါသည့်တွဲကား ကြီးများပေါ်သို့ ကရိန်းကြီးများဖြင့် မယူတင်ဆောင်ကာ နေပြည်တော်သို့ ဆက်လက်သယ်ဆောင်မည့် မြောင်မြစ်ကမ်းနား ၌ ဆိုက်ကပ်ထားသောသင်္ဘောကြီးများပေါ် သို့တင်ဆောင်နေကြကြောင်း သိရသည်။
၎င်းစကျင်ကျောက်တုံကြီးများကို သင်္ဘောကြီးများဖြင့်သယ်ဆောင်ရာတွင် စတင်သယ်ဆောင်သည့်မြောင်မြစ်မှတစ် ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်း ကာ ဆီမီးခုံဆိပ်ကမ်း၊ ဆီမီးခုံဆိပ်ကမ်း မှတစ်ဆင့် မန္တလေးတံတားဦးစကားအင်း အဝိုင်း ယင်းမှတစ်ဆင့် မန္တလေးအမြန် လမ်းမကြီးအတိုင်း ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးတည်ထားကိုးကွယ်မည့် ဒက္ခီဏသီရိ မြို့နယ်သို့ အဆင့်ဆင့်ပင့်ဆောင်သယ်ယူ သွားမည်ဖြစ်ကြောင်းသိရပြီး သယ်ယူရာ တွင် ပလ္လင်တော်အပိုင်းမှာ အလေးချိန်တန် ချိန်ပေါင်း ၂၇၀ဝ ကျော်ရှိပြီး အပိုင်းအား ဖြင့် ၅ ပိုင်းရှိကြောင်းနှင့် ၎င်းပလ္လင်တော် ပေါ်တွင် တည်ထားကိုးကွယ်မည့် ဘူမိ ဖဿမုဒြာဘုရားမှာ တန်ချိန်ပေါင်း ၂၃၀ဝ ကျော်ရှိပြီး သယ်ယူရာတွင် အပိုင်း ၄ ပိုင်း ဖြင့် စုစုပေါင်းအပိုင်း ၉ ပိုင်းဖြစ်ကာ အကြီး ဆုံးအပိုင်းမှာ တန်ချိန် ၉၇၀ ကျော်အလေး ချိန်ရှိသည့်အတွက် ၎င်းအားသယ်ယူရန်သင်္ဘောများအနေဖြင့် အနိမ့်ဆုံးတန်ချိန် ၁၀ဝဝ ကျော်တင်ဆောင်နိုင်သည်ရေယာဉ်များဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဘုရားပူဇော်ရန် စကျင် ကျောက်တုံးကြီးများ သယ်ဆောင်ရာတွင် နေ့ဘက်သယ်ဆောင်ရာတွင် လာရောက် ကြည့်ရှုသူအလွန်များပြားနေသည့်အ တွက် ထိခိုက်မှုများရှိနိုင်သည့်အတွက် ညပိုင်း၌သာ သယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း၊ အဆိုပါကျောက် တုံးများကို ဇူလိုင်လ ၃ ရက်တွင် သင်္ဘော များအပေါ်သို့အပြီးတင်ဆောင်မည်ဖြစ်ပြီး ဘူမိဖဿမုဒြာဘုရားကို ၂၀၂၂ ခုနှစ် တွင် အပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း၊ တန်ချိန်ပေါင်း ၅၀ဝဝ ကျော်ကာ မြန်မာနိုင်ငံတွင်လက်ရှိ တွင် တန်ချိန် ၉၀ဝ ရှိသော အကြီးဆုံး စကျင်ကျောက်တော်ကြီးဘုရားဖြစ်သည့် မန္တလေးမြို့မဟာသ ကျမာရဇိန်ဘုရားကြီးထက် အဆပေါင်း ၅ ဆကျော် ပိုမိုကြီးမားကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment