Thursday, July 2, 2020

မိရိုးဖလာ လှည်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာတွင် မိသားစုသည် အဘိုးအဘွားများ၏ အစဉ်အလာ လုပ်ငန်းတစ်ခုဖြစ်သော မိရိုးဖလာ လှည်းအမျိုးမျိုးပြုလုပ် ရောင်းချခြင်း၊ ပြုပြင်ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။
လှည်းများပြုလုပ်ရောင်းချခြင်းနှင့်ပတ်သတ်၍ "လှည်းအမျိုးအစားအများကြီးရှိတဲ့အနက် ရွှေလည်း၊ ပြိုင်လှည်း၊လှည်ယာဉ်နဲ့တောင်သူသုံးလှည်း လှည်းကြီးခေါ်တာပေါ့ အဲ့လိုလှည်းများကို အများဆုံးမှာယူကြတာ များပါတယ်၊တစ်ခါတရံမှာတော့ နေပြည်တော်ဘက်က ဟော်တယ်ကြီးတွေက ရှေးလက်ရာပန်းကနုတ်တွေနဲ့ ပေါင်းမိုးလှည်းတွေ အော်ဒါမှာတာလည်းရှိပါတယ်။ ကိုယ်ပိုင်ရွှေလှည်းတွေလည်းရှိတော့ ယခင်ကအလှူချိန်တွေဆို ရွှေလှည်းတွေအငှါးလိုက်ရပါတယ်၊ အခုကိုဗစ်ကာလဆိုတော့ ရှင်လောင်းလှည့်အလှူတွေမရှိတော့ ရွှေလှည်း အငှါးလိုက်ရတာမရှိတော့ဘူးပေါ့၊ ဒါပေမယ့် ကျွန်တော်က လှည်းပညာတတ်မြောက်ပြီး လှည်းအမျိုးမျိုးပြုလုပ်တတ်တော့ အခုတောင်သူသီးနှံသိမ်းချိန် တောင်သူသုံးလှည်းတွေပြုလုပ်ရောင်းချတာ၊ ပြုပြင်တာတွေ လုပ်ရတော့ မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်"ဟု ဇရပ်ဖြူကျေးရွာတွင် လှည်းလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်မြင့်၏ ပြောကြားမှုအရ သိရှိရသည်။
နွားပြိုင်ပွဲများတွင် အသုံးပြုသော(မောင်းလှည်း)တစ်စီးဆိုပါကငွေကျပ်(၅) သိန်း၊ လှည်းယာဉ်တစ်စီးဆိုပါက ငွေကျပ် ငါးသိန်းခုနှစ်သောင်း၊ တောင်သူသုံးလှည်း(လှည်ကြီး)တစ်စီးဆိုပါကငွေကျပ်ခြောက်သိန်းရှစ်သောင်းကျပ်၊ အလှူများတွင်ရှင်လောင်းလှည့်သည့်လှည်(ရွှေလှည်း)တစ်စီးဆိုပါကငွေကျပ်(၁၈)သိန်း၊ ရိပ်သာနှင့် ဟော်တည် ကြီးများရှေ့တွင်အလှပြသည့်(ပေါင်းမိုးလှည်း)တစ်စီးဆိုပါကငွေကျပ်သိန်း(၂၀)ရှိကြောင်းသိရှိရသည်။
crd-The Mirror Daily #Myanmar_Online_News
>>Zawgyi<<
မိရိုးဖလာ လှည်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ
Thursday, July 2, 2020
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာတွင် မိသားစုသည် အဘိုးအဘွားများ၏ အစဉ်အလာ လုပ်ငန်းတစ်ခုဖြစ်သော မိရိုးဖလာ လှည်းမျိုးမျိုးပြုလုပ် ရောင်းချခြင်း၊ ပြုပြင်ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။
လှည်းများပြုလုပ်ရောင်းချခြင်းနှင့်ပတ်သတ်၍ "လှည်းအမျိုးအစားအများကြီးရှိတဲ့အနက် ရွှေလည်း၊ ပြိုင်လှည်း၊လှည်ယာဉ်နဲ့တောင်သူသုံးလှည်း လှည်းကြီးခေါ်တာပေါ့ အဲ့လိုလှည်းများကို အများဆုံးမှာယူကြတာ များပါတယ်၊တစ်ခါတရံမှာတော့ နေပြည်တော်ဘက်က ဟော်တယ်ကြီးတွေက ရှေးလက်ရာပန်းကနုတ်တွေနဲ့ ပေါင်းမိုးလှည်းတွေ အော်ဒါမှာတာလည်းရှိပါတယ်။ ကိုယ်ပိုင်ရွှေလှည်းတွေလည်းရှိတော့ ယခင်ကအလှူချိန်တွေဆို ရွှေလှည်းတွေအငှါးလိုက်ရပါတယ်၊ အခုကိုဗစ်ကာလဆိုတော့ ရှင်လောင်းလှည့်အလှူတွေမရှိတော့ ရွှေလှည်း အငှါးလိုက်ရတာမရှိတော့ဘူးပေါ့၊ ဒါပေမယ့် ကျွန်တော်က လှည်းပညာတတ်မြောက်ပြီး လှည်းအမျိုးမျိုးပြုလုပ်တတ်တော့ အခုတောင်သူသီးနှံသိမ်းချိန် တောင်သူသုံးလှည်းတွေပြုလုပ်ရောင်းချတာ၊ ပြုပြင်တာတွေ လုပ်ရတော့ မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်"ဟု ဇရပ်ဖြူကျေးရွာတွင် လှည်းလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်မြင့်၏ ပြောကြားမှုအရ သိရှိရသည်။
နွားပြိုင်ပွဲများတွင် အသုံးပြုသော(မောင်းလှည်း)တစ်စီးဆိုပါကငွေကျပ်(၅) သိန်း၊ လှည်းယာဉ်တစ်စီးဆိုပါက ငွေကျပ် ငါးသိန်းခုနှစ်သောင်း၊ တောင်သူသုံးလှည်း(လှည်ကြီး)တစ်စီးဆိုပါကငွေကျပ်ခြောက်သိန်းရှစ်သောင်းကျပ်၊ အလှူများတွင်ရှင်လောင်းလှည့်သည့်လှည်(ရွှေလှည်း)တစ်စီးဆိုပါကငွေကျပ်(၁၈)သိန်း၊ ရိပ်သာနှင့် ဟော်တည် ကြီးများရှေ့တွင်အလှပြသည့်(ပေါင်းမိုးလှည်း)တစ်စီးဆိုပါကငွေကျပ်သိန်း(၂၀)ရှိကြောင်းသိရှိရသည်။
crd-The Mirror Daily #Myanmar_Online_News

0 comments:

Post a Comment