Monday, July 27, 2020

ဒေါ်စုစုနွေး မဲဆန္ဒနယ်မြေ ပြောင်းလဲယှဉ်ပြိုင်ဖို့ ပြင်ဆင်

မြန်မာနိုင်ငံ တောင်သူလယ်သမားများသမဂ္ဂ ဗဟိုဥက္ကဋ္ဌ ဒေါ်စုစုနွေးဟာ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေနဲ့ ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နေရာ နှစ်ခုထဲက တစ်ခုမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်နေပါတယ်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အဲဒီ မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်တဲ့အတွက် နေရာပြောင်းလဲဝင်ပြိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဘယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာကို သမဂ္ဂအနေနဲ့ လာမယ့် ရက်ပိုင်းအတွင်း အပြီးသတ်ဆုံး ဖြတ်သွားမယ်လို့ လယ်သမားနဲ့ အလုပ်သမားအရေး လှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့အစိုးရများလက်ထက်မှာ အထိန်းသိမ်းခံခဲ့ရတဲ့ ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာသူ ဒေါ်စုစုနွေးက ပြောပါတယ်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ ပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေဟာ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းကို အခုလ ၂၀ ရက်နေ့ကနေ လာမယ့်သြဂုတ်လ ၇ ရက်နေ့အတွင်း နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပါတယ်။

0 comments:

Post a Comment