Friday, July 3, 2020

ဖားကန့်မြေပြိုမှုကြောင့် သေဆုံးမှုအတွက် အစိုးရက ထောက်ပံ့ကြေးပေးအပ်

ဖားကန့်မြေပြိုမှုကြောင့် သေဆုံးမှုအတွက် အစိုးရက ထောက်ပံ့ကြေးများ ယနေ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သေဆုံးသွားသူတို့၏ ကျန်ရစ်မိသားစုများနှင့် ထိခိုက်ဒဏ်ရာရသူများကို ပေးအပ်ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၅၀၀၊လုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများက ငွေကျပ် သိန်း ၆၀၀ စုစုပေါင်း ငွေကျပ်သိန်း ၁၁၀၀ကို ပေးအပ်ခဲ့သည်ဟုသိရသည်။
အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာ နက လည်း သေဆုံးသွားသူတို့အတွက် ကျန်ရစ်သူမိသားစုဝင်တို့ကို ငွေကျပ် ၃သိန်း၊ထိခိုက်ဒဏ်ရာရသူများကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀စီထောက်ပံ့ရန်လည်းရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒါက်တာကိုကိုနိုင်က Myanmar Harp ကိုပြောသည်။
“မိသားစုဝင်တွေကိုဆက်သွယ်၊ စိစစ်ဆောင်ရွက်နေပြီး အမြန်ဆုံးထောက်ပံ့သွားနိုင်ဖို့ ဌာနဆိုင်ရာတွေနဲ့ အတူ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ညွှန်ချုပ်ကဆိုသည်။
ယမန်နေ့ မနက်ပိုင်းက ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာတွင် လုပ်ကွက်ဟောင်းကျင်းပြိုကျ၍ ရေမဆေးကျောက်ရှာသမားရာနှင့် ချီသေဆုံးသွားခဲ့ရပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၆၀ကျော်ကို ရှာဖွေတွေ့ရှိထားသည်။

Ref ; ကိုမင်း/Myanmar Harp Media

0 comments:

Post a Comment