ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ လွယ်ခွန်ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၄ ရက်က အိမ်ထောင်စု ၂၁ စုမှ ခရစ်ယာန်ဘာသာဝင် လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ အခမ်းအနားဖြင့် ကူးပြောင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
“ရွာက ကားလမ်းမပေါက်ဘူး။ မြို့ကနေ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန် သွားရတယ်။ အရင်က ခရစ်ယာန် ဘာသာ ကိုးကွယ်ကြရာကနေ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြလို့ ဘာသာပြောင်းပေးရတာပါ” ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။
ာသာကူးပြောင်းပွဲတွင် အဆိုပါ လူ ၁၁ဝ ဦးကို ငါးပါးသီလခံယူစေကာ သရဏဂုံတင်ပြီး နောက် တရားဓမ္မများဟောကြားခဲ့ကာ မိသားစုများ ကိုးကွယ်ရန်အတွက် ဉာဏ်တော် ၁၁ လက်မ အမြင့်ရှိ ရုပ်ပွားတော် ၂၁ ဆူကို ပင့်ဆောင်စေခဲ့ကြောင်း သိရသည်။ “ငါတို့ အရင်ကထက် အေးချမ်းလာတယ်၊ စိတ်မှာလည်းကြည်နူးတယ်။ ဘဝဆိုတာကိုလည်း ပိုသိလာနေတယ်” ဟု လွယ်ခွန်းကျေးရွာ မှ ဦးဂိုလေးက ပြောသည်။
အဆိုပါ လွယ်ခွန်းကျေးရွာတွင် အိမ်ထောင်စု ၃၃ စုရှိရာ ယခုတွင် နှစ်ခြင်းခရစ်ယာန် ၅ စု၊ မက်သဒစ် ခရစ်ယာန် ၇ စုနှင့် ဗုဒ္ဓဘာသာ ၂၁ စုတို့ နေထိုင်နေကြပြီး ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် သာသနာဟိတကာ (ဝိဟာရ)ကျောင်းကို တစ်ပါတည်း ကျောင်းအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တိုက်နယ်အတွင်းရှိ ကျေးရွာများမှ လှူဒါန်းငွေများဖြင့် ယင်းကျေးရွာသို့ ကားလမ်းဖောက်လုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
Crd : Myo Min Htet
0 comments:
Post a Comment