Sunday, July 5, 2020

ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဉပဒေအပေါ်ဝေဖန်နေသည့် ကနေဒါနိုင်ငံအား တရုတ်မှပြစ်တင်

ဟောင်ကောင်၏အမျိုးသားလုံခြုံရေးဉပဒေအပေါ် ဝေဖန်မှုများပြုလုပ်နေသည့် ကနေဒါနိုင်ငံအား ဇူလိုင်လ ၄ ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြစ်တင်ဝေဖန်ခဲ့ပြီး တစ်ပတ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေခဲ့ပါသည်။
ကနေဒါနိုင်ငံသည် တရုတ်နိုင်ငံရေးရာတွင် ဝင်ရောက်စွက်ဖက်နေကြောင်းနှင့် ဟောင်ကောင်၏လုံခြုံရေးအတွက် အဆိုပါဉပဒေအသစ်ကို ချမှတ်ပြဌာန်းခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါရှိ တရုတ်သံရုံးမှ ဝဘ်ဆိုက်၏ထုတ်ပြန်ချက်ပေါ်တွင် ရေးသား ဖော်ပြထားပါသည်။
ကနေဒါနိုင်ငံအပါအဝင် အချို့သောအနောက်နိုင်ငံအချိုသည့် နိုင်ငံတကာဉပဒေ နှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများကို ချိုးဖောက်ကာ လူ့အခွင့်အရေးကို အကြောင်းပြချက်တစ်ခုအနေဖြင့် ဟောင်ကောင်အရေးတွင် ဝင်ရောက်စွက်ဖက် နေကြခြင်းဖြစ်သည်ဟု ပြောခွင့်ရတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ဟောင်ကောင်တွင်ဆန္ဒပြမှုများနှင့် အနောက်နိုင်ငံများရှိနေသော်လည်း အဆိုပါဉပဒေသည် အာဏာရှင်ဆန်သည့်လမ်းကြောင်တွင် ဘဏ္ဍရေးအရအချက်အချာ တစ်ခုအဖြစ်တည်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။
ကနေဒါနိုင်ငံအနေဖြင့် ဟောင်ကောင်နှင့် ပြန်လည်လွဲပြောင်းခြင်းဆိုင်ရာ စာချုပ်ကိုဆိုင်းငံ့လိုက်သည့်အတွက် အလွန်စိတ်ပျက်မိကြောင်း ဇူလိုင်လ ၄ ရက်နေ့ တွင် ဟောင်ကောင်မှ ပြောခဲ့ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကနေဒါနိုင်ငံဝန်ကြီးချုပ်ရုံးမှ ပြန်လည်၍မှတ်ချက် ပြုပြောကြားခြင်းမရှိခဲ့ပါ။
Huawei Technologies ၏ ဘဏ္ဍာရေးဆိုင်ရာ ဉက္ကဌ Meng Wanzhou အား ကနေဒါနိုင်ငံမှ ဖမ်းဆီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ တရုတ်နှင့် ကနေဒါနှစ်နိုင်ငံကြား တင်းမာမှုများမြှင့်တက်နေခဲ့ခြင်းဖြစ်ပါသည်။
Meng အား ဖမ်းဆီးပြီးနောက်တွင် တရုတ်နိုင်ငံမှလည်း ကနေဒါနိုင်ငံသား နိုင်ငံရေးသမားဟောင်း Michael Spavor နှင့် စီးပွားရေးသမား Michael Kovrig တို့ကို ဖမ်းဆီးခဲ့ပါသည်။
လွန်ခဲ့သည့်အပတ်တွင် တရုတ်နိုင်ငံသည် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ ကနေဒါ၏ဝေဖန်မှုများကို ပြစ်တင်ပြောဆိုခဲ့ပါသည်။
Source : CNA
"China rebukes Canada over criticism of Hong Kong security law "

0 comments:

Post a Comment