မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့ (၁၂:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက် ထုတ်ပြန်ပါသည်။
မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် (၁၂၄၃) စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေကြောင်း သိရပါသည်။ အဆိုပါ မြစ်ရေသည် မန္တလေးမြို့တွင် နောက်(၂)ရက် အတွင်းစိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းနှင့် ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၈၆၀) စင်တီမီတာ ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်(၂)ရက် အ တွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရပါသည်။ သို့ဖြစ်ပါ၍ မန္တလေးမြို့နှင့် မြစ်ငယ်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အ ကြံပြုထားကြောင်း သိရသည်။
Ref ; MRTV
0 comments:
Post a Comment