နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးသည် လာမည့်ရွေးကောက်ပွဲ၌ နေပြည်တော်ကောင်စီနယ်မြေမှ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေဖြစ်သည့် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း ဒေါက်တာ အောင်မျိုးက ပြောပါတယ်။
“ဒီနေ့ နေပြည်တော်ကိုလာပြီး ကိုယ်စားလှယ်လောင်း စာရင်းလာတင်ပါတယ်။ ဇမ္ဗူသီရိမြို့နယ်က ဝင် ပြိုင်မှာပါ”လို့ ဒေါက်တာအောင်မျိုးက ပြောပါတယ်။ ဇမ္ဗူသီရိ မဲဆန္ဒနယ်မြေသည် ဝန်ထမ်းအများဆုံး နေထိုင်သည့် မြို့နယ်တစ်ခုဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အနိုင်ရရှိခဲ့သည့် နေရာတစ်ခုဖြစ်ပါတယ်။
လာမည့် ရွေးကောက်ပွဲ၌ အဆိုပါမဲဆန္ဒနယ်မြေ၌ NLD ပါတီမှ ဦးကျော်ထွေးဝင်ပြိုင်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ အပါအဝင် အခြားသော နိုင်ငံရေးပါတီကြီးများလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။
ဒေါက်တာအောင်မျိုးသည် တပ်မတော်၌ ဗိုလ်မှူးတာဝန်အထိ ထမ်းဆောင်ခဲ့သလို ဌာနဆိုင်ရာ၌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
Ref ; People Media
0 comments:
Post a Comment