Friday, July 3, 2020

အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)ရှိ Cobas 6800 စက်အတွက် Aorta Company Limited မှ တန်ဖိုးငွေ USD 11,000 ရှိသော 50KVA Generator & Accessories များနှင့် တပ်ဆင်ခငွေကျပ် ၁၈ သိန်း ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ Cobas 6800 စက်အတွက် ဒေါက်တာတင်အောင်လွင်မိသားစု (Aorta Company Limited)မှ တန်ဖိုးငွေ USD 11,000 ရှိသော 50KVA Generator & Accessories များနှင့် တပ်ဆင်ခငွေကျပ် ၁၈ သိန်းတို့ကို ဇူလိုင်လ ၃ ရက်၊ နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်တို့က လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။
“အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)ဆေးရုံမှာ အသုံးပြုမယ့် Cobas 6800 စက်ကြီးအတွက် လို အပ်တဲ့ 50KVA Generator ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ လှူဒါန်းခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကျွန်တော်က Aorta Company ရဲ့ MD ဖြစ်ပါတယ်။ Aorta Company ဟာ လူသုံးဆေးဝါး အမျိုး ၁၃၀ ခန့်ကို နိုင်ငံပေါင်း ၄ နိုင်ငံမှ တင်သွင်းပြီး ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ Company ဖြစ်ပါတယ်” ဟု Aorta Company မှ MD ဒေါက်တာတင်အောင်လွင်က ပြောသည်။ အဆိုပါလှူဒါန်းပွဲသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်၊ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်နိုင်ဦး၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီးခင်အောင်ထွန်းနှင့် အရာရှိများ တက်ရောက်ခဲ့သည်။

Ref ; Tomorrow News Journal

0 comments:

Post a Comment