ကိုရီးယားသမ္မတနိုင်ငံရှိ JSK Group ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Lee Kyung Shin နှင့် JSK Shipping Co, Ltd ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Lee Jong-kwon တို့သည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်အား ၃-၇-၂၀၂၀ ရက်၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန်အတွက် မြန်မာကျပ်ငွေ (၅၅၂) သိန်းခန့်နှင့် ညီမျှသည့် အမေရိကန် ဒေါ်လာ (၄၀,၀၀၀) တန်ဖိုးရှိသော ကိုရီးယားနိုင်ငံထုတ် နှာခေါင်းစည်း (Mask) အခုရေ (၅၀,၀၀၀) အား ပေးအပ်ခဲ့ရာ သံအမတ်ကြီးမှ JSK Group သို့ ကျေး ဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါ နှာခေါင်းစည်းများအား Myanmar Airways International (MAI) လေကြောင်းလိုင်းဖြင့် မြန်မာ နိုင်ငံသို့ ဆောလျင်စွာ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
0 comments:
Post a Comment