Friday, July 3, 2020

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၃၀၄ ) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅.၂ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၁၀.၉ သန်းကျော်အထိ မြင့်တက်လာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၅၂၃,၁၇၂) ဦးရှိလာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၁၀,၉၇၀,၇၁၈) ဦး ရှိကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိင်ငံတွင် (၂၃-၃-၂၀၂၀)ရက်နေ့မှ (၂-၇-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၀၄)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၂၂၃)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment