Thursday, July 2, 2020

တာချီလိတ်ရှိ ပထမဆုံး COVID-19ဓာတ်ခွဲအတည်ပြုလူနာ ဆေးရုံမှဆင်းပြီးနောက် ရောဂါပိုးပြန်တွေ့ခဲ့သဖြင့် ဆေးရုံပြန်လည်တက်ရောက် ကုသနေရ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ပထမဆုံးတွေ့ရှိတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၉၆ ဟာ ရောဂါပျောက်ကင်းပြီးနောက် တစ်လကျော်အကြာမှာ ရောဂါပိုးပြန်တွေ့ရှိရပါတယ်။
ပထမဆုံးလူနာဖြစ်တဲ့ ရန်ကုန်က ပြန်လာတဲ့ ခွဲစိတ်ဆရာဝန်ဟာ ရန်ကုန်ကိုပြန်ဖို့ ပြန်လည်ဆေးစစ်တဲ့နေရာမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “ပုံမှန် ဆိုရင်တော့ ပြန်စစ်ရတာ မရှိဘူး။ ဒါပေမဲ့ သူက ရန်ကုန်ပြန်မယ်ဆို‌တော့ စိတ်ချရအောင် ပြန်စစ်လိုက်တာမှာ ပိုးပြန်တွေ့တာ” လို့ ပြောပါတယ်။
အဆိုပါ လူနာမှာ မေလ ၂၀ ရက်မှာ ကျိုင်းတုံဆေးရုံက ရောဂါပျောက်ကင်းကြောင်း ယူဆလို့ ဆင်းခွင့်ပြုခဲ့တာ ဖြစ်ခဲ့ပြီး ဇွန်လ ၃၀ ရက်က ဆေးစစ်အဖြေမှာ ကိုဗစ်-၁၉ ရောဂါပိုး ပြန်တွေ့ကြောင်း အဖြေထွက်ခဲ့တာပါ။
လတ်တလော သူနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံစုံစမ်းနေကြောင်းသိရပြီး ဆေးရုံ ပြန်လည်တက်ရောက်ပြီး ကုသရမယ်လို့လည်းသိရပါတယ်။
Crd : DVB

0 comments:

Post a Comment