Sunday, July 5, 2020

အစ္စရေးနယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

အစ္စရေးနယ်ခြားစောင့်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ယာကော့ဗ်ရှက်ဘ်တိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။
ယာကော့ဗ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ နံနက်ပိုင်း၌ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြား ခဲ့သည်။
ယာကော့ဗ်နှင့် ထိတွေ့ခဲ့သူများအား သီးသန့် ခွဲထားရန် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ ယာကော့ဗ်သည် ၂၀၁၄ ခုနှစ် ဇူလိုင် ၂ ရက်က ဂါဇာဒေသ၌ ဆောင်ရွက် ခဲ့သည့် Protective Edge စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့သူတပ်ဖွဲ့ဝင်များ အောက်မေ့ဖွယ်အခမ်း အနားတစ်ခုသို့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်း အနားသို့ တက်ရောက်ခဲ့သူများတွင် အစ္စရေးသမ္မတ ရက်ဗ်လင်၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် အဗစ်ဗ်ကိုချာဗီနှင့် ဝန်ကြီးချုပ် ဘင်နီဂန့်ဇ် တို့လည်း ပါဝင်သည်။
ကိုးကား-သည်ဂျေရုဆလင်ပို့စ်
Crd : The Mirror

0 comments:

Post a Comment