အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီးဆုံး၍ ဇွန် ၂၆ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းအသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားသည့် အရာရှိ၊ စစ်သည် ၄၈ ဦး အနက် စစ်သည် ၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု သတင်းအား ဇွန် ၂၇ နှင့် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းလာခဲ့သည့် ကျန်ရှိသူ ၄၃ ဦးအား သီးခြား စောင့်ကြပ်ကြည့်ရှုခြင်း၊ လိုအပ်သည့်ရောဂါရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိစဉ် စစ်သည် ၂ ဦးသည် ခေါင်းကိုက် ခြင်း၊ ဖျားနာခြင်းဖြစ်ပေါ်လာသဖြင့် ယနေ့တွင် ၎င်းတို့ ၂ ဦး၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀ဝ၀)၌ Polymerase Chain Reation (PCR)နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ အဆိုပါစစ်သည် ၂ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ(တွေ့ရှိ)ရကြောင်းသိရှိရသည်။ ရောဂါပိုးတွေ့ရှိရသောစစ်သည်များအား တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော်အ သည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့်စစ်သည်များနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ်တစ်စီးတည်းလိုက်ပါစီးနင်းခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
0 comments:
Post a Comment