မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိကြီးစာရင်းဝင် ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို ရဲတရားရုံးက ရာထူးမှ ထုတ်ပယ်ကာ ထောင်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။ ယနေ့ညနေပိုင်းတွင်ရမည်းသင်းထောင်ကို ပို့လိုက်ပြီဖြစ်ကြောင်းလည်းသိရသည်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရ ရဲမှူးကြီးကျော်သီဟက ပြစ်ဒဏ်ချမှတ်သည်မှာဟုတ်မှန်ကြောင်း အတည်ပြုသည်။
ပြစ်ဒဏ်ကိုမူ ရဲတရားရုံးထံမေးမြန်းနေဆဲဖြစ်သည်ဟု ရဲမှုးကြီးက ပြောသည်။
ပြီးခဲ့သည့် တစ်နှစ်ကျော်ကမှ ရဲလေ့ကျင့်ရေးအရာရှိချုပ်ရာထူးတာဝန်မှ ရဲရာထူးခန့်ချုပ်ရာထူးတာဝန်သို့ ပြောင်းရွှေ့လာခဲ့သူ ရဲမှူးချုပ်ဇော်မိုးသန်းကို လိင်အမြတ်ထုတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ရဲတရားရုံးက စစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် ရာထူးမှထုတ်ပယ်ပြီး ထောင်ချလိုက်ခြင်းဖြစ်သည်။
ရဲအသိုင်းအဝိုင်းကြားတွင်မူ ထောင်၃နှစ်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ လက်ရှိအချိန်အထိ ပြည်ထဲရေးဝန်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် လက်ထက် အရေးယူခံလိုက်ရသည့် ရဲမှူးချုပ်အဆင့်ရှိအရာရှိကြီးအရေအတွက်မှာ ၃ဦးအထိ ရှိသွားပြီဖြစ်သည်။
ပထမတစ်ဦးမှာ ရထားရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ်မိုးသန်းအောင်(ရာထူးမှ ထုတ်ပယ်ပြီး ထောင်ဒဏ် ၆လချ)၊ ဒုတိယတစ်ဦးမှာ ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင်အောင်(ရှုံချပြီး ရဲတပ်ဖွဲ့မှ ထုတ်ပယ်) ၊တတိယတစ်ဦးမှာ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းဖြစ်သည်။
Ref ; နောင်နောင်/Myanmar Harp Media
0 comments:
Post a Comment