Thursday, July 2, 2020

နေတိုးမဟာမိတ်ရေကြောင်းတပ်ပေါင်းစုဦးဆောင်မှုဖြင့် ရေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်ခန်း Dynamic Mongoose 2020 အား အတ္တလန္တိတ်သမုဒ္ဒရာ မြောက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်"

Dynamic Mongoose 2020 ရေကြောင်းဆိုင်ရာစစ်ရေးလေ့ကျင့်ခန်းအား ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ရာလန်၊ နော်ဝေ၊ အင်္ဂလန်နှင့် အမေရိကန်ရေတပ်မှ စစ်ရေယာဉ်များပူးပေါင်းပါဝင်ကာ နေတိုးမဟာမိတ်ရေကြောင်းတပ်ပေါင်းစု NATO Allied Maritime Command-Led–CARCOM ကွပ်ကဲမှုဖြင့် အတ္တလန္တိတ်သမုဒ္ဒရာ မြောက်ပိုင်းတွင် ၂၉-၆-၂၀၂၀ ရက်နေ့မှ ၁၀-၇-၂၀၂၀ ရက်နေ့ထိ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် ရေပြင်သွား စစ်ရေယာဉ် ၅ စီး၊ ရေငုပ်သင်္ဘော ၅ စီးနှင့် ရေကြောင်းဆိုင်ရာ ကင်းထောက်လေယာဉ် ၅ စင်းတို့ ပါဝင်လေ့ကျင့် ဆောင်ရွက်လျက်ရှိသည်။ လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်မည့် ရေငုပ်သင်္ဘော ၅ စီးမှာ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေ၊ အင်္ဂလန်နှင့် အမေရိကန် ရေတပ်တို့မှဖြစ်ကြောင်း၊ ရေပြင်သွားစစ်ရေယာဉ် ၅ စီးမှာ ကနေဒါ၊ နော်ဝေ၊ အင်္ဂလန်နှင့် အမေရိကန်ရေတပ်တို့မှ စစ်ရေယာဉ်များဖြစ်ကြောင်း တွေ့ရှိရပါသည်။
လေ့ကျင့်ခန်းတွင် ဘက်စုံခြိမ်းခြောက်မှု အသွင်ဖြင့် လေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်ရန်အတွက် ပြင်သစ်၊ နော်ဝေ၊ အင်္ဂလန်နှင့် အမေရိကန်ရေတပ်တို့၏ ရေကြောင်းကင်းထောက်လေယာဉ် ၅ စင်းတို့မှ ပါဝင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ လေ့ကျင့်ခန်းတွင်ပါဝင်ဆောင်ရွက်မည့် ရေငုပ်သင်္ဘောများ၊ ရေပြင်သွားစစ်ရေယာဉ်များနှင့် ရေကြောင်းဆိုင်ရာ ကင်းထောက် လေယာဉ်များအတွက် လိုအပ်သောအုပ်ချုပ်ထောက်ပံ့မှုကိစ္စများအား အိုင်ယာလန် နိုင်ငံ Reykjavik ဆိပ်ကမ်းမြို့မှ ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။
အဆိုပါ Dynamic Mongoose 2020 ရေကြောင်းဆိုင်ရာစစ်ရေး လေ့ကျင့်ခန်းတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေ့ကျင့်ခန်းများ၊ ရေပြင်စစ်ဆင်ရေး လေ့ကျင့်ခန်းများအား လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ မဟာမိတ်နိုင်ငံများပူးပေါင်း၍ ရေကြောင်းဆိုင်ရာစိန်ခေါ်မှုများနှင့် စစ်ရေးဆိုင်ရာ စိန်ခေါ်မှုများအား ပူးပေါင်းဖြေရှင်းနိုင်ရန်နှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစွမ်းရည် မြင့်မားတိုးတက်အောင် ပြုလုပ်နိုင်ရန်အတွက် ပူးပေါင်းလေ့ကျင့်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ အိုင်ယာလန်နိုင်ငံဆိပ်ကမ်းသို့ စစ်ရေယာဉ်များရောက်ရှိစဉ်နှင့် လေ့ကျင့်ခန်းဆောင်ရွက်စဉ်အတွင်း အိုင်ယာလန်နိုင်ငံ၏ အစိုးရအဖွဲ့မှ ထုတ်ပြန် ထားရှိသည့် COVID 19 ကပ်ရောဂါ ကူးစက်မှုတားဆီးရေးအစီအမံများအား တိကျစွာ လိုက်နာကာ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Link:https://www.naval-technology.com/…/nato-begins-dynamic-mon…/
Crd : Mg Moe #Myanmar_Online_News

0 comments:

Post a Comment