Thursday, July 2, 2020

ဖားကန့်ကျောက်စိမ်းနယ်မြေ ဂွေခါမှော် မြေစာပုံ ပြိုကျမှုတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ပူးပေါင်းဝိုင်းဝန်းရှာဖွေလျှက်ရှိ

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအတွင်း ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြေစာပြိုကျမှု လူဦးရေ ခန့်မှန်း ၂၀၀ခန့် ပါဝင်သည်ဟု ဒေသခံများထံမှ သိရသည်။
အခင်းဖြစ်ပွားသို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ဝိုင်းဝန်းရှာဖွေလျှက်ရှိရာ လက်ရှိအချိန်အထိ အလောင်း (၆၀) ခန့်ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ်၊ ဝေခါ‌ကျေးရွာမှာ ဒီနေ့ဇူလိုင်(၂)ရက်၊ မနက်(၇)နာရီဝန်းကျင်က မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူ (၂၀၀)ဝန်းကျင်နစ်မြုပ်သွားတယ်လို့ ကျေးရွာတာဝန်ခံနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
"လှိုင်းခတ်ပြီးတော့ ဒီဘက်က ကျောက်ရှာသူတွေ နစ်မြုပ်သွားတာ။ အခုအယောက်(၆၀)ကျော်ပြန်တွေ့ပြီ။" ဝေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းက O Media ကို ပြောပါတယ်။
အဲဒီမြေစာပုံပြိုကျတဲ့နေရာကို ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်‌ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဝေခါကျေးရွာက ဝေခါမှော် စွန့်ပစ်မြေစာကမ်းပါးပြိုကျသွားတာဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment