Friday, July 3, 2020

ထိုင်ဝမ်မှ မဟာဗျူဟာကျကျတည်ရှိသည့် အမေရိကန်၏ Guam ကျွန်းပေါ်တွင် ကောင်စစ်ဝင်ရုံးပြန်ဖွင့်မည်ဖြစ်

ထိုင်ဝမ်သည် တရုတ်နိုင်ငံမှ သံတမန်ရေးရာအရ အရှိန်ဟုန်မြှင့်ဆောင်ရွက်နေသည့် ပစိဖိတ်သမုဒ္ဒရာရှိ အမေရိကန်၏ကြီးမားသောစစ်အခြေစိုက်စခန်းနှင့်အတူ မဟာဗျူဟာကျကျတည်ရှိနေသည့် Guam ကျွန်းပေါ်တွင် ကောင်စစ်ဝင်ရုံးကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၃ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန်နှင့် တရုတ်သည် စိန်ခေါ်မှုများရှိနေပြီး ဒုတိယ ကမ္ဘာစစ်ပြီးဆုံးပြီးအချိန်မှစ၍ အမေရိကန်သည် ဒေသတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီး တရုတ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာရှိ ထိုင်ဝမ်၏မဟာမိတ်များဖြစ်သော Kiribati နှင့် Solomon ကျွန်းကို ရရှိခဲ့ပါသည်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး မှ Guam တွင် ထိုင်ပေစီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာရုံး TECO ကိုပြန်လည်ဖွင့်လှစ်ခြင်းသည် ၂၀၁၇ ခုနှစ်ဘဏ္ဍာရေး ဆိုင်ရာအကြောင်းပြချက်များကြောင့် ပိတ်ထားခဲ့ပြီးနောက်ပိုင်း ထိုင်ဝမ်နှင့် အမေရိ ကန်နိုင်ငံအကြား ပိုမိုရင်းနှီးမှုရလာစေရန်နှင့် ပစိဖိတ်ဒေသ၏မဟာဗျူဟာမြှောက် အ ရေးပါသည့်ဆောင်ရွက်ချက်များအတွက် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြော ကြားခဲ့ပါသည်။
Guamကျွန်းပေါ်တွင် TECO ပြန်လည်တည်ဆောက်ခြင်းသည် ထိုင်ဝမ်နှင့် ပစိဖိတ်ဒေသအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို အပြန်အလှန်ဖလှယ်ရန်၊ ထိုင်ဝမ်၏ ပစိဖိတ်ဒေသရှိ မဟာမိတ်များနှင့် ရင်းနှီးမှုပိုမိုရရှိ လာစေရန် နှင့် ဘက်ပြောင်းစုံမှပြောင်းလဲမှုများတိုးတက်လာစေရန်ဖြစ်ကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။
ထိုင်ဝမ်သည် ကိုယ်ပိုင်နယ်မြေရှိပြီး တရုတ်နိုင်ငံနှင့်ပတ်သက်မှုမရှိကြောင်းကို ထည့်သွင်းစဉ်စားရမည်ဖြစ်ပါသည်။ သေးငယ်သောဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း မဟာဗျုဟာမြောက်သောရေပိုင်နက်ကို ပိုင်ဆိုင်ထားကြောင်း နှင့် အမေရိကန်နှင့် ဩစတြေးလျတို့မှလည်း တရုတ်၏ ချဲ့ထွင်နေမှုများနှင့်ပတ်သက်၍ ပူပန်နေကြ ကြောင်းပြောကြားခဲ့ပါသည်။
ထိုင်ပေနှင့် အမေရိကန်သည် တရားဝင်သံတမန်ဆက်ဆံရေးမရှိသော်လည်း အမေရိကန်သည် နိုင်ငံတကာအဆင့်တွင် ထိုင်ပေ၏အဓိကထောက်ပံ့သူဖြစ်ကြောင်း ထိုကြောင့် ၎င်းသည် အမေရိကန်နှင့် တရုတ်တို့တင်မာမှုများထဲမှတစ်ခုဖြစ်နေပါသည်။ ထိုင်ဝမ်သမ္မတ Tsai Ing –Went သည် သံတမန်ရေးရာကိစ္စများကို ပြန်လည်ဆောင်ရွက်လိုသည့်အတွက် Guam သို့ သွားရောက်ခဲ့ပါသည်။
Source - CNA #Myanmar_Online_News

0 comments:

Post a Comment