Monday, July 27, 2020

တက္ကဆက်ပြည်နယ်တောင်ပိုင်းကို ဟာရီကိန်းမုန်တိုင်း Hanna ဝင်ရောက်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တောင်ပိုင်းကို ဟာရီကိန်းမုန်တိုင်း Hanna ဟာ အခုလ(၂၆)ရက်နေ့က ဝင်ရောက်ခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ ကမ်းခြေတလျှောက်ရှိ လှေများပျက်စီးခဲ့ပြီး၊ လမ်းမတွေထက် ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့ကာ ဒေသတလွှား လျှပ်စစ်မီးပျက်တောက်မှုတွေလည်းကြုံတွေ့ခဲ့ရပါတယ်။
တက္ကဆက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမြင့်တက်လာတာကြောင့် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရစဉ်အတောအတှငျးမှာပဲ အခုလို ဟာရီကိနျးမုနျတိုငျးဝငျရောကျလာခဲ့တာပါ။ အခုလ (၂၅)ရက် ဒေသစံ တော်ချိန်နေ့လည်ပိုင်းက မုန်တိုင်းအခြေအနေကို အဆင့်(၁) သတ်မှတ်ထားခဲ့ပြီး၊ ၂၀၂၀ ခုနှစ် အတ္တလန္တိတ်ဟာရီကိန်းရာသီရဲ့ ပထမဆုံး ဟာရီကိန်း မုန်တိုင်းလည်းဖြစ်ပါတယ်။ မုန်တိုင်းစတင်ဝင်ရောက်မှုနဲ့အတူ မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ဟာရီကိန်းမုန်တိုင်း Hanna ဟာ တက္ကဆက်ပြည်နယ်ကမ်းရိုးတန်းကို လေတိုက်နှုန်းတစ်နာရီ မိုင်(၉၀)နဲ့ ချဉ်း ကပ်လာတာဖြစ်ပြီး၊တက္ကဆက်ပြည်နယ်တောင်ပိုင်းနေရာအချို့မှာ မိုးရေချိန်ဟာ အနည်းဆုံး(၉)လက်မအ ထိ မြင့်တက်လာခဲ့ပါတယ်။
မုန်းတိုင်းဝင်ရောက်ရာ ကမ်းခြေတစ်လျှောက်မှာ ကမ်းခြေစောင့်တပ်ဖွဲ့တွေက ကယ်ဆယ်ရေးတွေပြုလုပ်ပေးနေတယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment