Thursday, July 2, 2020

ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြသော NLD ပါတီ CECအစည်းအဝေး နေပြည်တော်တွင်ပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂တွင် ယနေ့(ဇူလိုင် ၂) နေ့လည်ပိုင်းက စတင်ပြုလုပ်လျက်ရှိသည်။
အဆိုပါ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်ဝင်များဖြစ်ကြသည့် ဦးဉာဏ်ဝင်း၊ ဒေါက်တာ မျိုးညွန့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးသိန်းဦး၊ ဦးဟံသာမြင့် တို့နှင့်အတူအစည်းအဝေးသို့ CEC အဖွဲ့ဝင်များဖြစ်သည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များအပြင် ဦးအောင်ကြည်ညွန့်၊ ဒေါက်တာ မေဝင်းမြင့်၊ ၊ ဒေါက်တာ တင်မျိုးဝင်း၊ ဒေါက်တာ မျိုးညွန့်၊ ဦးတင်ထွန်းဦး တို့ တက်ရောက်ကြကြောင်း သိရသည်။

0 comments:

Post a Comment